Appleရဲ့ မျိုးဆက်သစ် iPhoneနဲ့ ပတ်သက်ပြီး ဓာတ်ပုံတွေကတော့ ထပ်မံထွက်ရှိ လာပြန်ပါပြီ။ ဒီတစ်ခါမှာတော့ အိုင်ဖုန်းကို မီးခိုးရောင်၊ ခဲရောင်နဲ့ အမဲရောင်ဆိုပြီး သုံးမျိုး မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီအရောင်တွေဟာ iPhone 5S(အိုင်ဖုန်းအသစ်)ရဲ့ ဖြစ်နိုင်ချေရှိတဲ့ အရောင်တွေလို့ ခန့်မှန်းသိရှိ ရပါတယ်။ ဒီဓာတ်ပုံထဲမှာတော့ ရွေှရောင်အိုင်ဖုန်းဟာ Appleတံဆိပ် အဖြူရောင်ကို တပ်ဆင်ထားပြီး ရွေှရောင်ပိုမို တောက်ပကာ ရှန်ပိန်ကာလာ အနည်းငယ်လည်း ပါ၀င်တယ်လို့ ဆိုပါတယ်။ မြန်မာအိုင်စီတီ ပရိသတ်တွေ လေ့လာနိုင်စေဖို့ အဆိုပါ သတင်းထွက်ရှိခဲ့တဲ့ iPhone၃လုံးရဲ့ ဓာတ်ပုံကိုလည်း တင်ဆက်ပေးလိုက် ပါတယ်။
iPhoneအသစ်ရဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာပြန်ပြီ

27
Aug