Featured, News

iTune Pass၀န်ဆောင်မှုကို အမေရိကန်နှင့် အခြားနိုင်ငံများမှာ အသုံးပြုနိုင်ပြီ

iTune Pass၀န်ဆောင်မှုကို အမေရိကန်နှင့် အခြားနိုင်ငံများမှာ အသုံးပြုနိုင်ပြီ

Appleက သူရဲ့ အရောင်းဆိုင်များမှာ iTunes Accountထဲသို့ Creditများ ထည့်သွင်းနိုင်ဖို့ Passbook Cardကို အသုံးပြုနိုင်တဲ့ ၀န်ဆောင်မှုဖြစ်တဲ့ iTunes Passကို ဂျပန်မှာ စတင်၀န်ဆောင်မှုပေးခဲ့ပါတယ်။ အခုအခါမှာတော့ အမေရိကန်၊ ကနေဒါ၊ သြစတြေးလျ၊ ဂျာမနီ၊ ဗြိတိန်တို့မှာလည်း သုံးနိုင်ပါပြီ။ ဒါပေမယ့် Appleရဲ့ တရား၀င်၀က်ဆိုက်မှာ ကြေညာထားတာမဟုတ်ဘဲ အဆိုပါနိုင်ငံထဲမှ အသုံးပြုသူများက ပြောကြားတာ ဖြစ်ပါတယ်။

၀န်ဆောင်မှုကို အသုံးချဖို့အတွက် သင်ဟာ iTunes Passကို ရယူဖို့ iOS Deviceမှ iTunes Store Appကို အသုံးပြုရမှာပါ။ Appထဲမှ Home Screenရဲ့ အောက်ခြေမှ Redeemကို နှိပ်ပြီး တစ်ခုကို ရယူနိုင်ပါတယ်။ ကဒ်ကို အသုံးပြုဖို့ Apple Retail Storeကို သွားပြီး Creditကို သင့်အကောင့်မှာ ထည့်သွင်းဖို့ ကျွမ်းကျင်၀န်ထမ်းကို အကူအညီတောင်းနိင်ပါတယ်။ ၀န်ထမ်းက သင့်အကောင့်မှာ Creditထည့်ပေးဖို့ Passbook Cardပေါ်မှ Barcodeကို Scanပြုလုပ်ပေးမှာပါ။

Credit Cardကို iTune Storeမှာ သုံးနိုင်ဖို့ ဒါမှမဟုတ် Gift Card၀ယ်ပြီး Creditကို သင့်အကောင့်မှာ ထည့်သွင်းဖို့ ဒီလိုပြုလုပ်ရတာ အဆင်ပြေလှတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အချို့သူများက အထက်ဖော်ပြပါနည်းလမ်းများကို မသုံးနိုင်တဲ့အတွက် ၀န်ဆောင်မှုအသစ်ဟာ ရွေးချယ်စရာ တစ်ခုဖြစ်လာပါတယ်။

အချို့ အသုံးပြုသူများရဲ့ ပြောကြားချက်အရ iTunes Passကို သုံးဖို့ Appleရဲ့ လမ်းညွှန်ချက်တွေက အဆင်မပြေပါဘူးတဲ့။ iPhoneမှ iTunes Store Appမှာ Redeem Buttonကို နှိပ်ရမယ့်အစား Redeem Buttonအောက်မှ Account Sectionမှာ iTunes Passကို ရှာတွေ့နိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *