Featured, News, Travel

ကမ္ဘာ့အကောင်းဆုံး လေကြောင်းလိုင်းများ

The World's Best Airlines

ဟောင်ကောင် အခြေစိုက် Cathay Pacificဟာ ဗြိတိန်မှာ ပြုလုပ်တဲ့ Farnborough Airshowမှာ ကမ္ဘာ့အကောင်းဆုံး လေကြောင်းလိုင်း အဖြစ် သတ်မှတ်ခံရပါတယ်။ Cathay Pacificဟာ Emirates လေကြောင်းလိုင်းရဲ့ နေရာကို လုယူနိုင်ခဲ့တာပါ။ Emiratesဟာ ဒီနှစ် Skytraxရဲ့ အဆင့်သတ်မှတ်ချက်မှာ လေးနေရာကို ရောက်ရှိသွားပါတယ်။ အဆင့်သတ်မှတ်ချက်များကို ခရီးသည် ၁၉ သန်းရဲ့ ဆာဗေးများ၊ ပြည့်စုံတဲ့ ၀န်ဆောင်မှုများနဲ့ ဈေးသက်သာတဲ့ လေကြောင်းလိုင်းများ စတဲ့ တိုင်းတာမှုပေါင်း ၄၁ နဲ့ ရွေးချယ်ခဲ့တာပါ။

20. Bangkok Airways

ထိုင်းနိုင်ငံဒေသတွင်း လေကြောင်းလိုင်းဖြစ်ပြီး ထိုင်း၊ ကမ္မောဒီးယား၊ တရုတ်၊ ဟောင်ကောင်၊ လာအို၊ မော်ဒိုက်၊ မြန်မာ၊ အိန္ဒိယနဲ့ စင်ကာပူနိုင်ငံများမှာ ရုံးခွဲများဖွင့်လှစ်ထားပါတယ်။ Bangkok Airwaysဟာ Skytraxရဲ့ ကမ္ဘာ့အကောင်းဆုံး ဒေသတွင်း လေကြောင်းလိုင်းများ စာရင်းမှာလည်း ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။

20-bangkok-airways

19. Hainan Airlines

တရုတ်နိုင်ငံ အခြေစိုက် ဟိုင်နန်လေကြောင်းလိုင်းဟာ ဘိုးရင်းမှ ဒေါ်လာ ငါးဘီလီယမ်တန်ကြေးရှိတဲ့ လေယာဉ်များကို ၀ယ်ယူမယ်လို့ မကြာမီက ကြေညာခဲ့ပါတယ်။ ဟိုင်နန်လေကြောင်းလိုင်းဟာ Skytraxရဲ့ နှစ်စဉ်ထုတ်ပြန်တဲ့ အကောင်းဆုံး လေယာဉ်၀န်ထမ်းများ ပိုင်ဆိုင်တဲ့ လေကြောင်းလိုင်းစာရင်းမှာ အဆင့်တစ်ဆယ် သတ်မှတ်ခံထားရပါတယ်။

19-hainan-airlines

18. Malaysia Airlines

မလေးရှားလေကြောင်းလိုင်းရဲ့ ပုံရိပ်ဟာ MH 370 ထူးဆန်းစွာ ပျောက်ဆုံးသွားတဲ့အတွက် ကျဆင်းသွားခဲ့ပေမယ့် မလေးရှားလေကြောင်းလိုင်းရဲ့ ဆယ်စုနှစ်များစွာ အကောင်းဆုံး ၀န်ဆောင်မှုပေးခဲ့တဲ့ ဂုဏ်ပုဒ်ဟာ မှေးမှိန်သွားခြင်း မရှိပါဘူး။ လေယာဉ်ပျောက်ဆုံးမှုကြောင့် ငွေကြေးဆုံးရှုံးခဲ့ပေမယ့်လည်း မလေးရှားလေကြောင်းလိုင်းဟာ စီမံခန့်ခွဲမှုပြောင်းလဲဖို့နဲ့ လေယာဉ်များ အသစ်၀ယ်ယူမှုများကို ပြုလုပ်နေပါပြီ။ မလေးရှား လေကြောင်းလိုင်းဟာ ကမ္ဘာ့အကောင်းဆုံး လေကြောင်းလိုင်းတွေထဲက တစ်ခု အဖြစ်ရပ်တည်နေဆဲပါပဲ။

18-malaysia-airlines

17. British Airways

British Airlinesကတော့ ဗြိတိန်ရဲ့ အကောင်းဆုံးလေကြောင်းလိုင်းပါ။ ဒါ့အပြင် စီးပွားရေးအဆင့် အခန်းများကြောင့် Skytraxရဲ့ အမှတ်များစွာ ရရှိခဲ့ပါတယ်။ လေကြောင်းလိုင်းဟာ မကြာမီက ဦးခေါင်းမှာ ပတ်ထားရတဲ့ ခေါင်းပေါင်းကို စမ်းသပ်နေပြီး ခရီးသည်ရဲ့ ဦးနှောက်လှိုင်းများကို တိုင်းတာပေးပြီး စိတ်တည်ငြိမ်စေမှာပါ။ အဲဒီသတင်းဟာ ကမ္ဘာ့သတင်း စာမျက်နှာတွေမှာ ဟိုးလေးတကျော်ဖြစ်ခဲ့ပါတယ်။

17-british-airways

16. Air New Zealand

နယူးဇီလန်နိုင်ငံမှ Air New Zealandလေကြောင်းလိုင်းဟာ Star Allianceရဲ့ အဖွဲ့၀င်ဖြစ်ပါတယ်။ လေကြောင်းလိုင်းဟာ ဘိုးရင်းမှ ပထမဆုံး 787-9 Dreamlinerလေယာဉ်များကို မှာယူခဲ့လို့ သတင်းခေါင်းစီးများမှာ နာမည်ကြီးခဲ့ပါတယ်။

16-air-new-zealand

15. Virgin Australia

ကုဋေကြွယ်သူဌေး Richard Bransonပိုင်ဆိုင်တဲ့ လေကြောင်းလိုင်းဖြစ်ပြီး စတင်တည်ထောင်တဲ့ ၂၀၀၀ ခုနှစ်မှ စတင်ကာ အာရှ-ပစိဖိတ်ဒေသမှာ တိုးတက်မှုများစွာ ရရှိလာနေပါတယ်။ လေကြောင်းလိုင်းရဲ့ Boeing 777နဲ့ Airbus A330တို့မှာ ကိုးလက်မအရွယ် ထိတွေ့မျက်နှာပြင်ပါတဲ့ ဖျော်ဖြေရေး စနစ်များထည့်သွင်းပေးထားပါတယ်။

15-virgin-australia

14. Thai Airways

Thai Airwaysက ကောင်းမွန်တဲ့ ၀န်ဆောင်မှုကြောင့် လေကြောင်းလိုင်းလောကမှာ ဦးဆောင်နေတာ ကြာပါပြီ။ သူဟာ စီးပွားရေးနဲ့ ပထမတန်းစားများ အတွက် ၀န်ဆောင်မှုကို အဓိကထားသော်လည်း သာမာန်လူများအတွက် ၀န်ဆောင်မှုကလည်း မညံ့ပါဘူး။

14-thai-airways

13. Swiss International Air Lines

Lufthansa Corporateရဲ့ အဖွဲ၀င်ဖြစ်တဲ့ Swiss International Air Linesဟာ ၂၀၀၂ ခုနှစ်မှာ Swissairနဲ့ ပူးပေါင်းခဲ့တာဖြစ်ပါတယ်။ ဘေဆယ် အခြေစိုက် လေကြောင်းလိုင်းဟာ Airbus A330-300, A340-300 လေယာဉ်ပျံများကို အသုံးပြုနေပါတယ်။

13-swiss-international-air-lines

12. EVA Air

EVA Airက ထိုင်၀မ်ရဲ့ ဒုတိယအကြီးဆုံး လေကြောင်းလိုင်း ဖြစ်ပြီး ၀န်ထမ်းများကြောင့် Skytraxမှ အမှတ်များစွာ ရရှိခဲ့တာပါ။ ဈေးသက်သာတဲ့ Economy Classကို စတင်မိတ်ဆက်ခဲ့တဲ့ လေကြောင်းလိုင်းတွေထဲက တစ်ခုပါ။

12-eva-air

11. Qantas Airways

Australiaရဲ့ Quantas လေကြောင်းလိုင်းဟာ သူ့ရဲ့ လေဆိပ် နားနေခန်းများကြောင့် အမှတ်များစွာ ရရှိခဲ့တာပါ။ လေကြောင်းလိုင်းရဲ့ ပထမတန်းစား ထိုင်ခုံများဟာ အရှည် ၆.၅ ပေရှိပြီး အိပ်စက်အနားယူနိုင်ပါတယ်။ ခရီးသည်များကို လေကြောင်းလိုင်းရဲ့ ဆုရရှိထားတဲ့ ဝိုင်များကို ဧည့်ခံပါသေးတယ်။

11-qantas-airways

10. Lufthansa

ဥရောပရဲ့ အကြီးဆုံးလေကြောင်းလိုင်းဟာ မကြာသေးမီ နှစ်များအတွင်းက ငွေကြေးအသုံးပြုမှုများစွာ လျှော့ချခဲ့ပေမယ့် သူ့ရဲ့ ၀န်ဆောင်မှုနဲ့ အရည်အသွေးကတော့ တည်ငြိမ်ပါတယ်။ ကာလရှည်ကြာပေးခဲ့တဲ့ ၀န်ဆောင်မှုကလည်း ကောင်းမွန်ပေမယ့် အကောင်းဆုံးဖြစ်ဖို့ ဆိုရင်တော့ လေယာဉ်အသစ်များဖြစ်တဲ့ A380 Superjumbosနဲ့ 748-8 Intercontinentalsတို့ကို အဓိကအာရုံထားရမှာပါ။

10-lufthansa

9. Etihad Airways

အဘူဒါဘီ အခြေစိုက် လေကြောင်းလိုင်းက အာရပ်ပြည်ထောင်စုနိုင်ငံရဲ့ အကောင်းဆုံးပါ။ သူ့ရဲ့ Airbusနဲ့ Boeingလေယာဉ်များဟာ ၉၆ နိုင်ငံသို့ ဆိုက်ရောက်ပါတယ်။ သူ့ရဲ့ ထူးခြားတဲ့ ၀န်ဆောင်မှုက အသံဆူညံမှုကို လျှော့ချပေးတဲ့ နားကြပ်များနဲ့ ခရီးသည်များ သက်တောင့်သက်သာဖြစ်စေဖို့ စိတ်အခြေအနေပေါ်မူတည်ပြီး အလင်းရောင်ပေးတဲ့ စနစ်ဖြစ်ပါတယ်။

9-etihad-airways

8. Asiana Airlines

တောင်ကိုရီးယားရဲ့ အဓိက လေကြောင်းလိုင်းနှစ်ခုထဲမှ တစ်ခုဖြစ်ပါတယ်။ မနှစ်က ဆန်ဖရန်စ္စကိုမှာ ဆင်းသက်စဉ် ပျက်ကျခဲ့တဲ့ Boeing 777ကြောင့် အငြင်းပွားမှုများစွာ ဖြစ်ခဲ့ပါသေးတယ်။ မတော်တဆမှုရဲ့ အကြောင်းအရင်းကို စုံစမ်းနေဆဲဖြစ်ပြီး သတ္တိပြောင်မြောက်တဲ့ သူ့၀န်ထမ်းတစ်ယောက်က ခရီးသည်များစွာရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့လို့ ဂုဏ်တက်ခဲ့ပါသေးတယ်။

8-asiana-airlines

7. Garuda Indonesia

၂၀၀၇ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အတွင်း ဥရောပ လေကြောင်းအာဏာပိုင်များက ပျံသန်းဖို့ စိတ်မချရဘူးဆိုပြီး ပိတ်ပင်ခံခဲ့ရတဲ့ အင်ဒို လေကြောင်းလိုင်းဟာ အဲဒီနောက်ပိုင်းမှာ ပြင်ဆင်မှုများစွာ ပြုလုပ်ခဲ့ပါတယ်။ အင်ဒိုရဲ့ အဓိက လေကြောင်းလိုင်းဟာ လေယာဉ်များ အသစ်လဲလှယ်ခဲ့ပြီး ၀န်ဆောင်မှုများကို ပိုကောင်းအောင်ပြုလုပ်ခဲ့တဲ့အတွက် အာဏာပိုင်များရဲ့ ခွင့်ပြုချက်ကို ပြန်လည် ရရှိနိုင်ခဲ့ပါတယ်။ ဈေးသက်သာစွာ ၀န်ဆောင်မှုပေးနေပြီး သက်တောင့်သက်သာဖြစ်စေတဲ့ ထိုင်ခုံများနဲ့ အရှေ့တောင်အာရှ အစားအစာများနဲ့ ဧည့်ခံပါတယ်။ မတ်လမှာ အင်ဒိုလေကြောင်းလိုင်းဟာ Skyteam Global Airline Allianceရဲ့ အဖွဲ့၀င် အပြည့်ဖြစ်ခဲ့ပါတယ်။

7-garuda-indonesia

6. All Nippon Airways (ANA)

All Nippon Airwaysဟာ ဂျပန်မှ အကြီးဆုံးလေကြောင်းလိုင်းဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး Boeing 787တို့ကို ပိုင်ဆိုင်ထားပါတယ်။ ANAရဲ့ ၀န်ထမ်းများဟာ Skytrax 2014 စာရင်းမှာ အဆင့် ရှစ်နေရာ ရရှိပါတယ်။ သူ့ရဲ့ လေယာဉ်များမှာ ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ဦးစားပေးတဲ့ ထိုင်ခုံများ တပ်ဆင်ထားသလို ဈေးသက်သာတဲ့ အတန်းအစားထဲမှာတောင်မှ USB နဲ့ ပါဝါ အပေါက်များ တပ်ဆင်ပေးထားပါတယ်။

6-all-nippon-airways-ana

5. Turkish Airlines

တူရကီရဲ့ အကောင်းဆုံး လေကြောင်းလိုင်းဖြစ်ပြီး နာမည်ကျော်ကြားတဲ့ Istanbulမြို့ တည်ရှိပါတယ်။ ကမ္ဘာတစ်၀န်းမှ နိုင်ငံပေါင်း တစ်ရာကျော်နဲ့ မြို့ပေါင်း ၂၀၀ ကျော်ကို ပို့ဆောင်ပေးနိုင်တဲ့အတွက် စံချိန်တင်ထားနိုင်ပါတယ်။ အလွန်လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေတဲ့ လေကြောင်းလိုင်းဖြစ်ပြီး Star Allianceရဲ့ အဖွဲ့၀င်ဖြစ်ပါတယ်။ သုံးနှစ်ဆက်တိုက် Skytraxရဲ့ ဥရောပအကောင်းဆုံးလေကြောင်းလိုင်းဆုကို ရရှိခဲ့ပါတယ်။

5-turkish-airlines

4. Emirates

ပြီးခဲ့တဲ့ဆယ်နှစ်အတွင်းမှာ Emiratesဟာ ကမ္ဘာ့သက်တမ်းအရှည်ကြာဆုံး လေကြောင်းလိုင်းတွေထဲမှ တစ်ခုဖြစ်လာခဲ့ပါတယ်။ ကမ္ဘာ့အကြီးဆုံး လေယာဉ်များဖြစ်တဲ့ Airbus A380 Super Jumbosနဲ့ Boeing 777 Jetများကို ပိုင်ဆိုင်ထားပါတယ်။ ဖျော်ဖြေရေး ကဏ္ဍမှာ ဗီဒီယိုနဲ့ သီချင်းများစွာကို ထည့်သွင်းပေးထားပါတယ်။ ဖျော်ဖြေရေးကြောင့် Skytraxရဲ့ အကောင်းဆုံးစာရင်း၀င်ခဲ့တာပါ။ နိုင်ငံပေါင်း ၁၄၀ ကို ပြေးဆွဲနေပါတယ်။

4-emirates

3. Singapore Airlines

စင်ကာပူလေကြောင်းလိုင်းက Skytraxရဲ့ ၀န်ထမ်းနဲ့ ဖျော်ဖြေရေးမှာ အဆင့် ၁၀ အတွင်း၀င်ပါတယ်။ စင်ကာပူလေကြောင်းလိုင်းဟာ သူ့ရဲ့ စားသုံးသူ၀န်ဆောင်မှုအတွက် နာမည်ကြီးပါတယ်။ ရွေးချယ်စရာများပြားတဲ့ ဖျော်ဖြေရေးများပါတဲ့ တစ်ကိုယ်ရေသုံးတီဗီများနဲ့ သဘက်နွေးနွေးလေးတွေကို လေယာဉ်မထွက်ခွာမီမှာ ဧည့်ခံတတ်ပါတယ်။ အဲဒီ၀န်ဆောင်မှုကို ဈေးသက်သာတဲ့ Economy အဆင့်အတန်းမှာတောင် ပေးလေ့ရှိပါတယ်။

3-singapore-airlines

2. Qatar Airways

ကာတာလေကြောင်းလိုင်းကလည်း ၀န်ထမ်းများနဲ့ ဖျော်ဖြေရေးအတွက် အမှတ်များစွာ ရရှိပါတယ်။ ဈေးသက်သာတဲ့ အတန်းအစားမှာတောင် စမတ်ဖုန်း ၊ တက်ဘလက်တွေကို အသုံးပြုနိုင်ပါတယ်။ ကမ္ဘာတစ်၀န်းရှိ မြို့ပေါင်း ၁၂၅ မြို့ကို မောင်းနှင်ပို့ဆောင်ပေးနေပါတယ်။ ကာတာကနေ Los Angeles, Miami, Dallas မြို့များအပါအ၀င် မြို့သစ် ငါးဆယ်ကို ၀န်ဆောင်မှုတိုးချဲ့နေပါတယ်။ လေကြောင်းလိုင်းဟာ ပိုမိုကြီးမားပြီး အသစ်တည်ဆောက်ထားတဲ့ ဒိုဟာရှိ Hamad International Airportကို ပြောင်းရွှေ့ခဲ့ပြီးပါပြီ။

2-qatar-airways

1. Cathay Pacific

Cathay Pacificကလည်း ၀န်ထမ်းများနဲ့ ဖျော်ဖြေရေးအတွက် Skytraxထံမှ အမှတ်များစွာ ရရှိပါတယ်။ Business Insider ရဲ့ အဆင့်သတ်မှတ်ချက်မှာတော့ Cathay Pacificဟာ ခရီးစဉ်ကြပ်မှုနဲ့ ဟောင်ကောင်အခြေစိုက်ဖြစ်တာကြောင့် ရာသီဥတုကို ခန့်မှန်းမရတာကြောင့် အမှတ်နည်းပါးပါးတယ်။

1-cathay-pacific

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *