လူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲကို RVI INSTITUTE အဖွဲ့အစည်းတစ်ခုမှ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ၂၀၁၃ခုနှစ်၊ မတ်လ (၁)ရက်နေ့တွင် ရန်ကုန်မြို့၊ Sedona Hotel၌ ကျင်းပခဲ့ကြောင်း သိရပါသည်။ အခမ်းအနားသို့ RVI Instituteက ဖိတ်ကြား ထားသော အထူး ဧည့်သည်တော်များဖြစ်ကြသည့် အလုပ်သမား ၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှုးချုပ် ဦးမျိုးအောင် ၊ စင်ကာပူသံရုံးမှ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ကြီး H.E Mr Robert Chuaတို့ တက်ရောက်ခဲ့ကြပြီး၊ အဆိုပါ ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ပါဝင်ဆွေးနွေး ပြောဆိုခဲ့ကြကြောင်း သိရပါသည်။ ယင်းဆွေးနွေးပွဲတွင် ပါဝင်တက်ရောက် ဟောပြောရန် ဖိတ်ကြားခဲ့သောပုဂ္ဂိုလ် ၅ဦးမှာ လူသား အရင်းအမြစ်ဆိုင်ရာ စီမံအုပ်ချုပ်မှု ကိစ္စရပ်များတွင် အတွေ့အကြုံ ပြည့်ဝသော နိုင်ငံတကာမှ ပညာရှင်များ ဖြစ်ကြပြီး၊ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေကြသော ထင်ရှားသော စီးပွားရေး အဖွဲ့အစည်းများမှ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပုဂ္ဂိုလ်များ ဖြစ်သည်ဟု သိရှိရပါသည်။ ဆွေးနွေးပွဲ ကျင်းပရသည့် ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေကြသော အဖွဲ့အစည်း အမျိုးမျိုးတွင် တာဝန် ထမ်းဆောင်နေကြသော လူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာနှင့် ပတ်သက်သော နိုင်ငံတကာ ကျင့်သုံးမှုများ၊ မဟာဗျူဟာများကို လေ့လာ ဆည်းပူးနိုင်ကြောင်း၊ ခက်ခဲ နက်နဲလှသည့် လူ့သားအရင်းအမြစ် စီမံ အုပ်ချုပ်မှု ဆိုင်ရာ အခက်အခဲများ၊ စိန်ခေါ် မှုများကို ကိုင်တွယ် ဖြေရှင်းနိုင်မည်ဟု ယုံကြည်စေရန် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။
လူ့စွမ်းအားအရင်းအမြစ် ဆိုင်ရာထိပ်သီးဆွေးနွေးပွဲကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ကျင်းပ
11
Mar