Automobile

2013 GMC Acadia

gmc

2013 GMC Acadiaဟာ ကမ္ဘာ့အကြီးဆုံး ကားကုမ္ပဏီ ဖြစ်တဲ့ GMထုတ် ကားပီပီ မာကြော ကြံံ့ခိုင်မှုပိုင်းမှာ ယုံကြည် စိတ်ချလို့ လမ်းကြမ်းတွေမှာ စိတ်ချ လက်ချ မောင်းနှင်နိုင်မှာ ဖြစ်ပြီး ခန့်ညား ဝံ့ကြွားတဲ့ တည်ဆောက်မှုနဲ့ 2013 Acadiaဟာ ခရီးသည် ၈ယောက်အထိ စီးနင်း လိုက်ပါနိုင်မှာ ဖြစ်လို့ မိသားစုလိုက်ပဲ ဖြစ်ဖြစ်၊ အဖွဲ့လိုက်ပဲ ဖြစ်ဖြစ်၊ ခရီးထွက်ဖို့ သင့်တော်မယ့် ကားတစ်စီးပါ။

2013မော်ဒယ်လ်ဟာ ဒုတိယမျိုးဆက် ဖြစ်ပြီး ပထမမျိုးဆက်ကိုတော့ 2006ခုနှစ်မှာ ထုတ်လုပ်ခဲ့ပြီး 2007ကနေ 2012အထိ ရောင်းချခဲ့ပါတယ်။ 2013မော်ဒယ်လ် အသစ်ကိုတော့ ပိုမိုကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေနဲ့ အတူ ကျယ်ဝန်းပြီး သက်တောင့်သက်သာ ရှိစေမယ့် အတွင်းခန်း အပြင်အဆင်တွေနဲ့ အသစ် ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။ Trimအနေနဲ့ SLE-1၊ SLE-21၊ SLT-1၊ SLT-21 Denali ဆိုပြီး ၅မျိုး ထုတ်လုပ်ထားပြီး Trim ၅မျိုးစလုံးမှာ 3.6L V6 အင်ဂျင် သုံးထားပြီး အော်တိုဂီယာ ၆ချက် ပါဝင်လို့ အင်ဂျင်ပါဝါနဲ့ ဂီယာအချက်ရေ လိုက်ဖက်မှု ရှိတယ်လို့လည်း ကျွမ်းကျင်သူတွေက သုံးသပ်ထားတာကို တွေ့ရပါတယ်။ Trimတစ်ခုနဲ့ တစ်ခု ဈေးနှုန်း ကွာခြားချက် မများသလို စက်စွမ်းအားနဲ့ ဆီစားနှုန်းကလည်း အတူတူပါပဲ။

လေးဘီးယက် 4-Wheel Driveတွေကြီးပဲ ဖြစ်သလို ဆီစားနှုန်းကလည်း ကားအားလုံးမှာ မြို့တွင်း ဆီတစ်ဂါလံ (၁၇)မိုင်နှုန်းနဲ့ ဟိုင်းဝေးလမ်းပေါ်မှာ ၂၄မိုင်နှုန်းခြင်းလည်း တူညီပါတယ်။ သီချင်း နားထောင်ဖို့အတွက် Bluetooth, iPod Input, Satellite Radioတို့ ပါဝင်ပါတယ်။ Traction Control Stability Controlစတဲ့ နည်းပညာတွေလည်း ပါဝင်ပြီး Trim တစ်ခုနဲ့ တစ်ခု ကွာဟချက် ကျဉ်းမြောင်းတဲ့ 2013 Acadiaမှာ အနည်းငယ် ကွာဟချက် တွေကတော့ DVD Play Navigation System ပါဝင်ခြင်း၊ မပါဝင်ခြင်းတို့နဲ့ အတွင်းခန်း အပြင်အဆင်တွေပဲ ဖြစ်ပါတယ်။ အတွင်းခန်း ကျယ်ဝန်းပြီး၊ စီးနင်းရတာ သက်သောင့်သက်သာ ရှိမှု၊ လုံခြုံစိတ်ချရမှု ခရီးသည်များများ လိုက်ပါနိုင်မှု တွေနဲ့ ပြည့်စုံတဲ့ 2013 GMC Acadiaကို အကောင်းဆုံး မိသားစုသုံး ကားတစ်စီးအဖြစ် ဖော်ပြ လိုက်ရပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *