Featured, Gadgets, Mobile, Review

iPadများမှာ Multitasking ပြုလုပ်နိုင်တဲ့ စွမ်းဆောင်ချက်ကို iOS 8နဲ့ အတူ ထည့်သွင်းပေးမည်

iPadများမှာ Multitaskingပြုလုပ်နိုင်တဲ့ စွမ်းဆောင်ချက်ကို iOS 8နဲ့ အတူ ထည့်သွင်းပေးမည်

iOSနဲ့ Android Deviceများကို နှိုင်းယှဉ်ကြည့်ရင် Appleတို့ အားနည်းနေတဲ့အချက်က Appsများကို တစ်ပြိုင်နက် အသုံးပြုနိုင်တဲ့ Multitasking စွမ်းဆောင်ချက် မပါတာ ဖြစ်ပါတယ်။ အခုတော့ အဲဒီစွမ်းဆောင်ချက်ကို Appleက iOS 8မှာ ထည့်သွင်းပေးတော့မယ်လို့ သိရပါတယ်။

iOS Deviceများဟာ တစ်ကြိမ်မှာ Appတစ်ခုကိုသာ အသုံးပြုနိုင်ပါတယ်။ Appleက အဲဒီမူဝါဒကို အသေဆုပ်ကိုင်လာတာ နှစ်အတော်ကြာပြီ ဖြစ်ပါတယ်။ ပြိုင်ဖက် Samsungနဲ့ Microsoftတို့က Multitasking စွမ်းဆောင်ချက်အပေါ်မှာ Appleကို တောက်လျှောက် ထိုးနှက်နေကြတာ ဖြစ်ပါတယ်။ Samsungက သူ့ရဲ့ Deviceများမှာ Multi-Window Modeကို ထည့်သွင်းပေးထားပါတယ်။ Microsoftက Surface Tabletများမှာ Multitaskingစွမ်းဆောင်ချက်အပြင် Appများကို အလွယ်တကူ အသုံးပြုလို့ ရစေမယ့် Snap စွမ်းဆောင်ချက်ကိုလည်း ထည့်သွင်းပေးထားပါတယ်။ အထူးသဖြင့် ၉.၇ လက်မအရွယ် မျက်နှာပြင် တပ်ဆင်ထားတဲ့ iPadမှာ အဲဒီစွမ်းဆောင်ချက် မပါတာ နှမြောစရာ ဖြစ်ပါတယ်။

Appleက Appနှစ်ခုကို တစ်ပြိုင်နက်သုံးတာဟာ ရှုပ်ထွေးတယ်လို့ ယူဆပြီး တစ်ကြိမ်မှာ Appတစ်ခုသာ အသုံးပြုတာဟာ ရိုးရှင်းတယ်လို့ ယူဆပုံ ပေါ်ပါတယ်။ Appleရဲ့ အယူအဆဟာလည်း မှားယွင်းတယ်လို့ မဆိုနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ iPadဟာ တက်ဘလက်ဈေးကွက်မှာ မင်းမူနေတဲ့ ဘုရင်တစ်ပါး ဖြစ်လို့ပါပဲ။ အသုံးပြုရ လွယ်ကူမှုဟာ iOS ရောင်းကောင်းနေတဲ့ အချက်ဖြစ်ပါတယ်။ ဒါပေမယ့် ပြိုင်ဖက် တက်ဘလက်များဟာ iPadထက် အလုပ်ကိစ္စများကို တစ်ပြိုင်နက် ပြုလုပ်လာနိုင်တဲ့အတွက် Appleကလည်း ကာလရှည်ကြာ ဆုပ်ကိုင်လာတဲ့ မူဝါဒကို ပြုပြင်တော့မှာ ဖြစ်ပါတယ်။

iOS 8မှာ Appနှစ်ခုကို တစ်ပြိုင်နက် အသုံးပြုလို့ရလာမှာတင်မကပါဘူး။ ဘေးချင်းကပ်ပြီး ဖွင့်ထားတဲ့ Appနှစ်ခုမှ စာများ၊ ပုံများစတဲ့ Contentများကို ကူးပြောင်းနိုင်မှာ ဖြစ်တယ်လို့ 9to5Macက သတင်းပေးပို့ထားပါတယ်။ Appleက iOS8ကို ဇွန်လမှာ ပြုလုပ်မယ့် WWCDမှာ ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။ Appleက Multitaskingကို iPad Airမှာ အဓိက ထည့်သွင်းပေးချင်တာဖြစ်ပြီး အရွယ်သေးတဲ့ iPad Miniမှာတော့ အဲဒီစွမ်းဆောင်ချက်ကို အသုံးပြုလို့ရမလားဆိုတာ မသိရသေးပါဘူး။

Microsoftရဲ့ Surface Tabletနဲ့ iPad Airတို့ရဲ့ Multitaskingစွမ်းဆောင်ချက်ကို အောက်က ဗီဒီယိုမှာ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။

https://www.youtube.com/watch?v=v2vyH9VZHKc

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *