News, Travel

ကိုယ့်အမြီး ကိုယ်ပြန်စားတဲ့ မြွေ

မြွေတစ်ကောင်က ကိုယ့်အမြီး ကိုယ်ပြန်စားတဲ့ ထူးဆန်းတဲ့ ဖြစ်ရပ် တစ်ခုကို ဗီဒီယို ရိုက်ကူးနိုင်ခဲ့ပါတယ်။ YouTubeမှာ တင်ထားတဲ့ ဗီဒီယိုမှာ Albino Western Hognose အမျိုးအစား မြွေမ တစ်ကောင်ဟာ သူမရဲ့ ကိုယ်အောက်ပိုင်းကို ကိုက်စားနေတာ တွေ့ရပါတယ်။

မြွေများဟာ ဖားများကိုသာ စားလေ့ရှိပါတယ်။ ဗီဒီယိုထဲက မြွေမကတော့ သူစားနေတာ သူ့အမြီးဆိုတာကို သိပုံမရပါဘူး။ သူ့ အမြီးကို သူပြန်ကိုက်ပြီး သွေးထွက်နေတာကို မြင်တွေ့ရပါတယ်။ အဲဒီ ဗီဒီယိုကို တိရစ္ဆာန် အရောင်းဆိုင် တစ်ခုမှာ မှတ်တမ်းတင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီမြွေကို ဒေါ်လာ ၇၁၇ (စတာလင်ပေါင် ၄၂၅)နဲ့ ရောင်းချပေးနေတာ ဖြစ်ပါတယ်။

ဗီဒီယိုထဲမှာ မြွေမဟာ ခွက်တစ်ခုထဲမှာ ခွေခေါက်နေတာ ဖြစ်ပြီး သူ့အမြီးကို ပြန်စားဖို့ ကြိုးစားနေတာပါ။ အမြီးဟာ မြွေရဲ့ ၀မ်းဗိုက်ထဲကို ရောက်သွားလားဆိုတာနဲ့ မြွေဟာ သေသွားသလားဆိုတာ မသိရပါဘူး။ မြွေများဟာ လူသားစားမျိုးနွယ် တစ်ခုအဖြစ် သတ်မှတ်ထားခြင်း မရှိပါဘူး။ နောက်ပြီး ကိုယ့်အသား ကိုယ်ပြန်စားတဲ့ မြွေဆိုတာလည်း ရှားပါးပါတယ်။

ကျွမ်းကျင်သူများရဲ့ အဆိုအရ မြွေဟာ ဖျားနာနေတဲ့အတွက် စိတ်ရှုပ်ထွေးပြီး ကိုယ့်အသား ကိုယ်ပြန်စားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဗီဒီယိုကို ကြည့်ရှုသူ တစ်ယောက်က ကိုယ့်အသား ကိုယ်ပြန်စားနေတဲ့ မြွေဟာ သနားစရာ ကောင်းပြီး ဘာကြောင့် လူတွေက မရပ်တန့်ခဲ့သလဲလို့ ကွန်းမန့် ရေးထားပါတယ်။

နောက်ထပ် ကြည့်ရှုသူတစ်ယောက်က ဗီဒီယို ရိုက်ကူးသူဟာ ရက်စက်သူ ဖြစ်ကြောင်း နဲ့ အရောင်းဆိုင်မှ တာ၀န်ရှိသူကို အသိပေးသင့်ကြောင်း ရေးသားထားပါတယ်။

အခြား ကြည့်ရှုသူတစ်ယောက်က မြွေ ဟာ ရေထည့်ထားတဲ့ ခွက်ထဲမှာ နေနေခြင်းကြောင့် အလွန်ပူနေတာ သိသာပြီး အဲဒီအတွက် ကိုယ့်အမြီး ကိုယ်ပြန်ကိုက်တာ ဖြစ်ပါတယ်လို့ ပြောပါတယ်။

မြွေများဟာ သွေးအေး သတ္တဝါများ ဖြစ်တဲ့အတွက် ကိုယ်ခန္ဓာ အပူချိန်က ဇီ၀ ဖြစ်စဉ်ကို ထိန်းချုပ်ပါတယ်။ ပူလောင်နေတဲ့ မြွေဟာ ဇီ၀ဖြစ်စဉ်ကို မြင့်တက်စေပြီး ဆာလောင်မှုကို ဖြစ်စေပါတယ်။ အစာကျွေးထားခြင်းလည်း မရှိတဲ့အတွက် အခုလို ကိုယ့်အမြီး ကိုယ်ပြန်စားတာ ဖြစ်ပါတယ်။

အပူပေးတဲ့ မီးအိမ်ကို ပိတ်ပြီး ရေအေးဖြင့် ပက်ဖြန်းခြင်းဖြင့် မြွေကို ကိုယ့်အမြီး ကိုယ်ပြန်စားနေခြင်းမှ တားဆီးနိုင်ပါတယ်။

၂၀၀၉ ခုနှစ်မှာ Reggie the King မြွေတစ်ကောင်ဟာ သူ့ကိုယ်ကို ပြန်ကိုက်တဲ့အဖြစ် ဖြစ်ခဲ့ဖူးပါတယ်။ တိရစ္ဆာန် ဆရာ၀န်က မြွေရဲ့ မေးရိုးကို ဆန့်ကားအောင် ပြုလုပ်ပြီး အစွယ်ကို ကိုယ်ထည်ကနေ နှုတ်ပေးခဲ့ရပါတယ်။ ဒီလို လုပ်ဖို့ နာရီ၀က် ကြာမြင့်ခဲ့ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *