News

Motorola က Moto X , Droid Ultra, Maxx , Mini ဖုန်းတွေကို Android 4.4 Update ပေးမည်

HTC က သူ့ရဲ့  HTC One အသုံးပြုသူတွေကို Android 4.4 KitKat ကို Update ပေးဖို့အပြင်းအထန်ကြိုးစားနေသလို Motorola ကလည်း US Carrier အသုံးပြုတဲ့ Moto X ဖုန်းတွေ၊ Verizon အသုံးပြုတဲ့ Droid Ultra, Maxx, Mini ဖုန်းတွေကို Android 4.4 Update ပေးဖို့ပြုလုပ်နေပါတယ်။

ဘယ်အချိန်မှာ Update ပေးမယ်ဆိုတာကိုတော့ Motorola ကပြောကြားခြင်းမရှိသေးပါဘူး။ အချိန်သိပ်မကြာခင်မှာ Update ပေးမယ် လို့  Motorola ရဲ့  ဒုဥက္ကဌ ဖြစ်သူ Punit Soni က Google Plus မှာ အရိပ်အမြွက်ပြောပါတယ်။

အပေါ်မှာဖော်ပြထားတဲ့ဖုန်းတွေအပြင် တစ်ခြား ဖုန်းတွေကိုလည်း Update ပေးနိုင်ဖို့ တွက်ချက်စဉ်းစားနေတယ်လို့ဆက်ပြောပါတယ်။ Droid RAZR HD, Droid RAZR Maxx HD, Droid RAZR M, Atrix HD , Photon Q 4G LTE ဖုန်းတွေဟာလည်း Update ပေးမယ့် စာရင်းထဲမှာ ဖော်ပြထားပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *