News

Android 4.4(KitKat)၏ ပြားချပ်ချပ် 2Dပုံစံများ ထွက်ပေါ်လာ

Googleမှ မကြာခင် ထုတ်လုပ်တော့မည့် Androidနောက်ဆုံး ဗားရှင်း ဖြစ်သည့် Android 4.4(Kit Kat)ရဲ့ ပုံစံအချို့ ထွက်ပေါ်လာ ပါတယ်။ အဆိုပါ ပုံတွေထဲမှာ Android 4.4ကို လက်ရှိထွက်ထားတဲ့ iOS 7လိုမျိုး ပြားချပ်ချပ်နဲ့ 2Dဒီဇိုင်းမျိုး တွေ့မြင်ရပြီး အပေါ်ဆုံးမှာ ရှိတဲ့ Status Barဟာလည်း လက်ရှိဖွင့်ထားတဲ့ Appပေါ် မူတည်ကာ အရောင်ပြောင်းလဲသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မူလက “Key Lime Pie”လို့ အမည်ပေးမယ်လို့ လျာထားတဲ့ Android 4.4ဟာ “KitKat”လို့ တရား၀င် အတည်ပြု နာမည်ပေးခဲ့ပြီး မကြာခင် ထွက်ရှိလာတော့မယ့် Nexus 5စမတ်ဖုန်းမှာ အသုံးပြုသွားမှာ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်လျက် ရှိပါတယ်။ အဆိုပါ စမတ်ဖုန်းဟာ Android 4.4ကို ပထမဦးဆုံး သုံးမယ့် စမတ်ဖုန်း ဖြစ်တာကြောင့် လူစိတ်၀င်စားမှု အမြင့်ဆုံး ဖြစ်နေကာ မျက်နှာပြင်အကျယ် ၅လက်မ၊ Snapdragon 800 Processor, LTE Band ၇ခုနဲ့ 802.11 ac Wi-Fiစနစ် စတာတွေပါ ပြည့်ပြည့်စုံစုံ ပါ၀င်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

One thought on “Android 4.4(KitKat)၏ ပြားချပ်ချပ် 2Dပုံစံများ ထွက်ပေါ်လာ

  1. johnsonmaung says:

    “Status Barဟာလည်း လက်ရှိဖွင့်ထားတဲ့ Appပေါ် မူတည်ကာ အရောင်ပြောင်းလဲသွားမှာ ဖြစ်တယ်လို့”
    Like iOS 7????
    wtf is that!!!
    you copy the whole os from ios.. is this not enough????

Leave a Reply

Your email address will not be published. Required fields are marked *