How-to

Android 4.4 KitKat Apps တွေကို Jelly Bean Device တွေမှာ သုံးမယ်

Google က နို၀င်ဘာ (၁) ရက်နေ့  က Nexus 5 နဲ့ အတူ Android 4.4 KitKat ကိုမိတ်ဆက်ပေးခဲ့ပါတယ်။ KitKat ဟာ Android Phone တိုင်းမှာ အသုံးပြုသင့်တဲ့ OS ဖြစ်တယ်လို့ Google ကပြောဆိုထားပြီး တစ်ခြားဖုန်းတွေကိုလည်းတဖြည်းဖြည်းချင်း Update ပေးဖို့ ပြုလုပ်ပေးမှာဖြစ်ပါတယ်။ဒါပေမယ့် အချိန်တော်တော်ကြာမှာဖြစ်ပါတယ်။ KitKat ရဲ့  Features အသစ်တွေကိုလည်း ဒီဆောင်းပါး မှာရေးသားပေးထားပါတယ်။ KitKat ရဲ့  Apps တွေကိုအသုံးပြုချင်ရင် Google ကိုစောင့် စရာမလိုတော့ပါဘူး။ KitKat Apps တွေကို Android 4.1, 4.2, 4.3 Jelly Bean Device အသုံးပြုတွေ အသုံးပြုနိုင်ပါပြီ။

Launcher

Android 4.4 KitKat ရဲ့  Launcher အသစ်မှာ သွင်ပြင် ဟာလုံး၀ပြောင်းလဲသွားပြီး Wallpapers အသစ်တွေ ပါရှိလာပါတယ်။ Google  Now နဲ့လည်း ပိုမိုတွဲဖက်အလုပ်လုပ်နိုင်လာပါတယ်။

တစ်ခုသတိပေးချင်တာက KitKat Launcher  ဟာ Device အားလုံးနဲ့ တော့ အဆင်ပြေမှာမဟုတ်ပါဘူး။တစ်ချို့ဖုန်းတွေမှာ Apps တွေအလိုလိုပိတ်သွားတဲ့ပြဿနာတွေဖြစ်နိုင်ပါတယ်။အဲဒီအတွက် သင့်ဖုန်းကို အရင်ဆုံး Backup လုပ်ထားသင့်ပါတယ်။

Ashampoo_Snap_01

အရင်ဆုံး Google Experience Launcher files တွေကို Download လုပ်ပါ။ ဖိုင် သုံး ဖိုင် ပါ၀င်ပြီး အောက်ပါအတိုင်းဖြစ်ပါတယ်။

1.PreBuiltGmsCore.apk (Google Play Service 4.0)

2.Velvet.apk (Google Search)

3.GoogleHome.apk (Launcher)

Download လုပ်ပြီးရင် အပေါ်က နံပါတ်စဉ်အတိုင်း တစ်ခုချင်းစီကို အင်စတောလုပ်ပါ။ ပြီးရင် Home ကိုနှိပ်ပြီး Launcher အသစ်ကို Default အနေနဲ့သုံးပါ။

Ashampoo_Snap_02

Note: Google Search အလိုလိုပိတ်တဲ့ပြဿနာကြုံတွေ့ခဲ့ရင် Home screen ကိုဖိထားပြီး Settings ကိုနှိပ်ပါ။ Voice ကိုနှိပ်ပြီး Language ကို ပြောင်းပါ။ ပြီးရင် ဒီနည်းအတိုင်းပဲပြုလုပ်ပြီး နဂို Language ကို ပြန်ပြောင်းပါ။

Hangouts

Hangouts 2.0 app မှာ တော့ SMS အသုံးပြုလို့ရလာပါတယ်။ အင်စတောလုပ်ပြီးရင် အဲဒီ Feature ကို ဖွင့်ဖို့ပြောပါမယ်။ဖွင့်ပြီးရင် SMS တွေကို Hangouts ကနေ အသုံးပြုလို့ရပါပြီ။ Settings ထဲ၀င်ပြီး SMS နဲ့ပတ်သက်တာတွေကိုပြင်နိုင်ပါတယ်။

Download Hangouts 2.0

Ashampoo_Snap_03

Email & Calendar

KitKat ရဲ့  Email app ရဲ့ အသွင်အပြင်က Gmail app နဲ့ တူညီတာတွေ့ရပါတယ်။ Calendar app ကလည်း ပုံစံပြောင်းထားပါတယ်။

Download KitKat Email

Download KitKat Calendar

Ashampoo_Snap_04

Camera & Gallery

KitKat Camera app မှာ Features အသစ်တွေပါရှိလာတာတွေ့ရပါတယ်။ ကင်မရာ အိုင်ကွန်ကို အနည်းငယ်ဆန်းသစ်ထားပါတယ်။

Download KitKat Camera

Download KitKat Gallery

Ashampoo_Snap_05

Maps & Street View

KitKat မှာ ဒီ App နှစ်ခုလုံးကို Update Version တွေသုံးထားပြီး အသွင်အပြင်ကတော့ထူးခြားမှုမရှိပါဘူး။

Download Google Maps

Download Street View

Ashampoo_Snap_06

Quickoffice & Keep

KitKat မှာ Quickoffice ကို Stock app အနေနဲ့ အသုံးပြုလာတာတွေ့ရပါတယ်။ Google Drive နဲ့ သင့် ဖုန်းက Office Documents တွေကိုအလွယ်တကူ အသုံးပြုနိုင်ပါတယ်။ Google Keep ကိုလည်း Update လုပ်ပေးထားပေမယ့် ပြောင်းလဲ  မှုတော့ သိပ်မရှိပါဘူး။

Download Quickoffice

Download Google Keep

Ashampoo_Snap_07

 

Clock & Keyboard

Clock app က အသွင်အပြင် ပြောင်းလဲသွားပြီး Android 4.3 ကအတိုင်း အနက်ရောင်ရင့်ရင့် ကာလာကိုသုံးထားပါတယ်။ Google Keyboard  ကလည်းပိုမိုကောင်းမွန်လာပြီး emoji တွေများစွာသုံးလို့ရလာပါတယ်။

Download KitKat Desk Clock

Download KitKat Keyboard

Ashampoo_Snap_08

 

Play Books & Play Games

KitKat မှာ Google Play ရဲ့  အမွှာ Apps တွေဖြစ်တဲ့ Play Books, Play Games တို့လည်းပါရှိလာပါတယ်။

Download Google Play Books

Download Google Play Games

Ashampoo_Snap_09

 

Launcher ကလွဲပြီးကျန်တဲ့ KitKat app ကို အင်စတောလုပ်ဖို့ သာမာန် App တွေကို အင်စတောလုပ်သလိုပဲပြုလုပ်နိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *