News

Motorola က ၆.၃ လက်မအရွယ် Phablet ကို ထုတ်လုပ်ရောင်းချမည်

Motorola က စမတ်ဖုန်းတွေကို ဆက်တိုက်ထုတ်လုပ်ရောင်းချနေပါတယ်။ အခုတစ်ခါလည်း ၆.၃ လက်မအရွယ် Phablet ကို ဇူလိုင်လ နဲ့ စက်တင်ဘာလ အတွင်းမှာ ရောင်းချမယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ အဲဒီ သတင်းဟာ တရုတ် Weibo Web Forum က လူတစ်ယောက်က ထုတ်ဖော်လိုက်တာဖြစ်ပါတယ်။ အဲဒီလူ ဟာ အရင်တုန်းက Moto X , Moto G တို့ ထုတ်လုပ်ရောင်းချမယ့် သတင်းတွေကို ထုတ်ဖော်ကြေညာခဲ့ဖူးသူဖြစ်ပြီး Motorola ရဲ့ စမတ်နာရီ အစီအစဉ် ကိုလည်း ပထမဆုံး ထုတ်ဖော်ကြေညာခဲ့ဖူးပါတယ်။

Weibo မှာ ဖော်ပြထားချက်အရ Lenovo ပိုင်ဆိုင်တဲ့ Motorola ဟာ Moto X ကို ထုတ်လုပ်ရောင်းချခဲ့တဲ့ ၂၀၁၃ ခုနှစ် သြဂုတ်လ အပြီး တစ်နှစ်အကြာဖြစ်တဲ့ ၂၀၁၄ ခုနှစ် ဇူလိုင်လ နဲ့ စက်တင်ဘာလ အတွင်းမှာ Phablet ကို ရောင်းချမယ်လို့ ဖော်ပြထားပါတယ်။

၂၀၁၃ ခုနှစ် အောက်တိုဘာလ တုန်း ကလည်း Motorola ဟာ ၆.၃ လက်မအရွယ် Motorola Xplay Phablet ကို ထုတ်လုပ်ရောင်းချမယ်လို့ သတင်းထွက်ခဲ့ဖူးပါတယ်။ အခြား စမတ်ဖုန်းထုတ်လုပ်သူတွေလိုပဲ Motorola က Phablet ဖုန်း ထုတ်လုပ်ရောင်းချမယ်ဆိုတာ သဘာ၀ကျပါတယ်။

Xplay မှာ ၆.၃ လက်မအရွယ် မျက်နှာပြင် တပ်ဆင်ထားမှာဖြစ်ပါတယ်။ 2.2GHz Quad-Core Snapdragon 800 Processor မောင်းနှင်လည်ပတ်မှာဖြစ်ပါတယ်။ 2GB RAM , Android 4.2.2 ကို အသုံးပြုထားပါတယ်။ အခြား Specification များ ကို တော့မသိရသေးပါဘူး။ Motomaker ၀က်ဆိုက်မှာ Customize လုပ်ပြီး ၀ယ်ယူနိုင်မလားဆိုတာ ကိုလည်း မသိရသေးပါဘူး။

Google က Motorola ကို ပိုင်ဆိုင်စဉ်ကတည်းက Xplay Phablet ကို တီထွင်နေတာဖြစ်ပါတယ်။ Weibo က ထွက်ပေါ်တဲ့ သတင်းသာမှန်မယ်ဆိုရင် Lenovo က အဆိုပါ Phablet ကို ဆက်လက် တီထွင်နေပြီး ရောင်းချတော့မှာ ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *