Mobile, Review

Motorolaက ဈေးသက်သာတဲ့ Moto Eကို ကြေညာ

moto e

စမတ်ဖုန်းများရဲ့ ဈေးနှုန်းဟာ တစ်နှစ်ထက်တစ်နှစ် သက်သာလာတယ်လို့ စစ်တမ်း တစ်ခုက ဖော်ပြထားပါတယ်။ စမတ်ဖုန်း ထုတ်လုပ်သူတွေကလည်း ဈေးသက်သာတဲ့ စမတ်ဖုန်းဈေးကွက်မှာ ပိုမိုပြိုင်ဆိုင်လာကြပါတယ်။ အခုတစ်ခါမှာတော့ Motorolaက Delhiနဲ့ Londonမှာ မီဒီယာတွေ့ဆုံပွဲ ပြုလုပ်ပြီး ဈေးသက်သာတဲ့ Moto Gကို ကြေညာလိုက်ပါတယ်။

Moto Gမှာ ၄.၃ လက်မအရွယ်မျက်နှာပြင် တပ်ဆင်ထားပါတယ်။ ခြစ်ရာများနဲ့ ထိခိုက်မှုများကို ခံနိုင်ရည်ရှိတဲ့ Gorilla Glass 3ကို မျက်နှာပြင်ပေါ်မှာ ဖုံးအုပ်ကာကွယ်ထားပါတယ်။ မျက်နှာပြင်ရဲ့ Resolutionမှာ qHDဖြစ်ပြီး တစ်လက်မလျှင် Pixelသိပ်သည်းဆ (၂၅၆) ဖြစ်ပါတယ်။ Motorolaက ဖုန်းကို ရေစိုခံအောင် ပြုလုပ်ထားတဲ့အတွက် ကြာရှည်အသုံးခံမှာ ဖြစ်ပါတယ်။

Moto Eမှာ 1.2GHz Dual-Core Cortex A7 Processorနဲ့ Android 4.4.2 KitKatမောင်းနှင်လည်ပတ်မှာ ဖြစ်ပါတယ်။ အနာဂတ်မှာ ထွက်ပေါ်လာမယ့် Android Updateများကိုလည်း ရရှိအောင် ပြုလုပ်ပေးမယ်လို့ Motorolaက ကတိပေးထားပါတယ်။ ဈေးသက်သာတဲ့ဖုန်းများဟာ Android Updateကို ရရှိလေ့မရှိတာကြောင့် ဒီသတင်းဟာ ဈေးသက်သာတဲ့ စမတ်ဖုန်းမှာ နောက်ဆုံးပေါ် Android OSကို သုံးချင်သူများအတွက် ၀မ်းသာစရာ ဖြစ်ပါတယ်။ 1GB RAM, 4GB Internal Storageပါရှိပြီး အသုံးပြုသူအတွက် 2.21 GB Internal Storage ကျန်ရှိမှာပါ။ 32GBအထိ ၀င်ဆန့်တဲ့ MicroSD Card သုံးနိုင်ပါတယ်။

ဆက်သွယ်မှုအပိုင်းမှာ 3G, WiFi 802.11n, Bluetooth, GPS, FM Radioတို့ ပါရှိပါတယ်။ GSMနှစ်ကဒ် အသုံးပြုနိုင်ပါတယ်။ အနောက်ဘက်မှာ 5 MP Camera တပ်ဆင်ထားပါတယ်။ 1980mAh Battery ပါရှိပြီး အဆက်မပြတ် အသုံးပြုရင် တစ်နေ့လုံး အသုံးခံတယ်လို့ Motorolaက ပြောပါတယ်။ အရွယ်အစား အပြည့်အစုံမှာ 124.8 x 64.8 x 12.3mmဖြစ်ပြီး အလေးချိန်မှာ (၁၄၀)ဂရမ် ဖြစ်ပါတယ်။

Moto Eကို India, UK, Brazil, Mexico, Spain, Canadaတို့မှာ စတာလင်ပေါင် ၈၉ (ယူရို ၁၁၀) ၀န်းကျင်ဖြင့် ရောင်းချပေးနေပါပြီ။ Indiaမှာတော့ Motorolaက အွန်လိုင်းအရောင်းဆိုင် Flipkartနဲ့ ပူးပေါင်းပြီး ဒေါ်လာ ၁၁၇နဲ့ ရောင်းချပေးနေပါတယ်။ (Indiaရူပီး ၆၉၉၉ ကျသင့်မှာပါ။)

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *