News

Android KitKat ကို အသုံးပြုသူ ၂.၅% ၊ Jelly Bean ကို အသုံးပြုသူ ၆၂% ရှိပြီ

Google က Android Version အသုံးပြုမှု စစ်တမ်းကို ထုတ်ဖော်ကြေညာလိုက်ပြီး Android OS အားလုံးမှာ KitKat ကို အသုံးပြုသူ ၂.၅% ရှိပါတယ်။ Jelly Bean ကို အသုံးပြုသူက တဖြည်းဖြည်းတိုးတက်များပြားလာတာကို တွေ့ရပါတယ်။ တစ်ခြား Android OS အဟောင်းများကတော့ အသုံးပြုသူ တဖြည်းဖြည်းလျော့နည်းလာပါတယ်။

Jelly Bean ကို အသုံးပြုသူ ၆၂% ရှိပြီး Ice Cream Sandwich (ICS) ကို အသုံးပြုသူ ၁၅.၂% ရှိပါတယ်။ Honeycomb ကို အသုံးပြုသူ ၀.၁% ရှိပြီး Gingerbread ကို အသုံးပြုသူ ၁၉% ရှိပါတယ်။ Froyo ကို အသုံးပြုသူကတော့ ၁.၂% ကျန်နေသေးပါတယ်။

android_distribution_march

ဖေဖေါ်ဝါရီလ နဲ့ မတ်လအတွင်း Android 4.4 ကို အသုံးပြုသူ ၀.၇ % ( ၁.၈% မှ ၂.၅% အထိ ) တိုးတက်လာပါတယ်။ Android 4.3 ကို အသုံးပြုသူ ၀.၇ % (၈.၉% မှ ၉.၆% အထိ) တိုးတက်လာပါတယ်။ Android 4.2 ကို အသုံးပြုသူ ၀.၈% (၁၆.၃% မှ ၁၇.၁% အထိ) တိုးတက်လာပါတယ်။ Android 4.1 ကို အသုံးပြုသူ ၀.၂% (၃၅.၅% မှ ၃၅.၃% သို့) ကျဆင်းသွားပါတယ်။ Android 4.0 ကို အသုံးပြုသူ ၀.၉% (၁၆.၁% မှ ၁၅.၂% သို့) ကျဆင်းသွားပါတယ်။

Gingerbread ကို အသုံးပြုသူ ၁% (၂၀% မှ ၁၉% သို့) ကျဆင်းသွားပါတယ်။ Honeycomb နဲ့ Froyo ကို အသုံးပြုသူ ၀.၁% (၁.၃% မှ ၁.၂% သို့) ကျဆင်းသွားပါတယ်။

Google က စာရင်းကောက်ယူမှုပုံစံကို ၂၀၁၃ ခုနှစ်၊ ဧပြီလမှာ ပြောင်းလဲခဲ့ပါတယ်။ Google Server မှာ ၀င်ရောက်အသုံးပြုတဲ့ Android Phone တွေကို တွက်ချက်တာမဟုတ်ဘဲ Google Play Store မှာ ၀င်ရောက်အသုံးပြုတဲ့ Android ဖုန်းတွေကို တွက်ချက် ကောက်ယူထားတာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်တွင် Android 4.4 KitKat ကို အသုံးပြုတဲ့ Andriod ဖုန်းအရေအတွက်ဟာ ထိပ်ဆုံးမှာ ရောက်ရှိလာမယ့် ပုံမပေါ်ပါဘူး။ ICS နဲ့ Gingerbread တွေကို ကျော်လွှားနိုင်မှာ ဖြစ်ပေမယ့် Jelly Bean ကိုတော့ ကျော်လွှားနိုင်မှာ မဟုတ်ပါဘူး။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *