News

Android OS တွေထဲမှာ Jelly Bean အသုံးပြုသူအများဆုံးဖြစ်နေ

Google က ဒီနေ့ Platform Versions Page ကို Update လုပ်လိုက်ပြီး Android Device အားလုံးမှာ   Jelly Bean အသုံးပြုသူအရေအတွက် ဟာ 50% ကျော်သွားပြီဆိုတာကို ပြသလိုက်ပါတယ်။ Jelly Bean ( 4.1, 4.2, 4.3 ) အသုံးပြုသူတွေဟာ တဖြည်းဖြည်းတိုးတက်လာရုံတင်မကဘဲ Android Device အားလုံးရဲ့  တစ်၀က်ကျော် မှာ အသုံးပြုနေကြပါတယ်။ တစ်ခြား Android Version တွေကတော့ တစ်ဖြည်းဖြည်းအသုံးပြုမှုနည်းပါးလာကြပါတယ်။

ရာခိုင်နှုန်းတွေကို အသေးစိတ်ဖော်ပြရမယ်ဆိုရင် 52.1% ဟာ Jelly Bean ကိုအသုံးပြုကြပြီး 19.8% ဟာ Ice Cream Sandwich ကိုအသုံးပြုကြပါတယ်။ Honeycomb ကတော့ အသုံးပြုသူမရှိသလောက်ဖြစ်ပြီး 0.1% ဖြစ်ပါတယ်။ Gingerbread က 26.3% နဲ့  Froyo အသုံးပြုသူ 1.7% ကျန်ရှိနေတာတွေ့ရပါတယ်။ ဒီစစ်တမ်းကို နို၀င်ဘာလ (၁) ရက်နေ့ကကောက်ယူခဲ့တာဖြစ်ပါတယ်။

2

အောက်တိုဘာလ (၂) ရက်နေ့က ကောက်ယူခဲ့တဲ့ စစ်တမ်းနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် Android 4.3 က 0.8% တိုးတက်လာပါတယ်။ (from 1.5 percent to 2.3 percent)  Android 4.2 က 1.9% တိုးတက်လာပါတယ်။ (from 10.6 percnet to 12.5 percent) Android 4.1 က 0.8% တိုးတက်လာပါတယ်။ (from 36.5 percent to 37.3 percent) Android 4.0  ကတော့ 0.8% ကျဆင်းသွားပါတယ်။ (from 20.6 percent to 19.8 percent)

Gingerbread ကလည်းကျဆင်းသွားပြီး 2.2% ကျဆင်းသွားပါတယ်။ (from 28.5 percent to 26.3 percent) Honeycomb ကတော့ ကျမသွားသလို တက်လဲ မလာဘဲ 0.1% မှာပဲရပ်တည်နေပါတယ်။ Froyo ကတော့ 0.5% ကျဆင်းသွားပါတယ်။ (from 2.2 percent to 1.7 percent) အားလုံးကိုခြုံကြည့်ရင် Jelly Bean ကလူသုံးအများဆုံးဖြစ်ပြီး 2010 က ထုတ်လုပ်လိုက်တဲ့ Gingerbread က ဒုတိယ နေရာကရပ်တည်နေပါတယ်။ ICS က တတိယ နေရာမှာရှိနေပြီး Froyo ကတော့ စတုတ္ထ နေရာ ဖြစ်ပါတယ်။ အောက်မှာတော့ အောက်တိုဘာလ စစ်တမ်းကိုဖော်ပြထားတာပါ။

3

အခုတော့ ဒီပြိုင်ပွဲထဲမှာ Android 4.4 KitKat ပါ၀င်လာပြီဖြစ်ပြီး Jelly Bean က ချန်ပီယံ သရဖူ ကို  ဘယ်လောက်အကြာထိဆောင်းထားနိုင်မလဲဆိုတာစောင့် ကြည့်ရပါမယ်။

 

 

 

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *