News

Electronic Tattoo ထိုးပြီး ဖုန်းပြောလို့ ရတော့မည်

Bluetooth Headset တွေ အသုံးပြု ပြီးဖုန်းပြောလား ? သိပ်မကြာမီမှာတော့ Bluetooth Headset တွေသုံးစရာမလိုတော့ဘဲ သင့်လည်ပင်းမှာ တက်တူး ထိုးလိုက်တာနဲ့ ဖုန်းပြောလို့ အဆင်ပြေပါပြီ။

Google ပိုင်ဆိုင်သွားပြီဖြစ်တဲ့ Motorola က စမတ်ဖုန်းတွေနဲ့ချိတ်ဆက်အသုံးပြုလို့ရမယ့် နမူနာပစ္စည်းပုံစံလေးကိုထုတ်ဖော်ပြသခဲ့ပါတယ်။အဲဒီပစ္စည်းလေးက အီလက်ထရောနစ်တက်တူး နဲ့ဆင်တူပြီး အသုံးပြုသူရဲ့လည်ပင်းမှာ တပ်ဆင် ဒါမှမဟုတ် ကပ်ပြီးအသုံးပြုရမယ့်ပုံစံရှိပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ် က ပြသခဲ့တဲ့ နမူနာပုံကြမ်းအရ အဲဒီပစ္စည်းလေးဟာ Bluetooth Headset, Smartwatch, Google Glass တွေ နဲ့ ဆင်တူပြီး စမတ်ဖုန်း နဲ့ချိတ်ဆက်အသုံးပြုနိုင်မှာပါ။ သူ့ရဲ့ ကိုယ်ပိုင် စွမ်းအင်နဲ့ မောင်းနှင်လည်ပတ်မှာဖြစ်ပြီး Microphone လေးလည်းပါရှိမှာဖြစ်ပါတယ်။ အဲဒီ Microphone လေးကနေ Voice Command တွေပေးပြီး သင့်ဖုန်းကိုခိုင်းစေနိုင်ပါတယ်။

Wireless Throat Tattoo လေးက NFC,Bluetooth တွေအပြင်တစ်ခြား Signals တွေကနေတစ်ဆင့် စမတ်ဖုန်းတွေ၊ ဂိမ်းစက်တွေ၊ တက်ဘလက် ကွန်ပြူတာတွေ နဲ့ ဆက်သွယ်အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။ အဲဒီ တက်တူး ကို တိရစ္ဆာန် တွေမှာလည်း တပ်ဆင် အသုံးပြုလို့ရတယ်လို့ Motorola ကပြောပါတယ်။
Motorola ရဲ့ တက်တူး ဟာ ပထမဆုံးမဟုတ်ဘဲ Nokia က ပြီးခဲ့တဲ့နှစ်က ပြသခဲ့တဲ့ ဖုန်းလာရင် တုန်ခါပေးနိုင်တဲ့ တက်တူး ကြောင့်ဖြစ်ပါတယ်။

သိပ်မကြာတော့တဲ့ ကာလ မှာ ကျွန်တော်တို့အသုံးပြုနေကြဖြစ်တဲ့ Electronics Devices တွေနေရာမှာ တက်တူး တွေ က အစားထိုး နေရာယူလာကြမယ်လို့ မျှော်လင့်ရပါတယ်။ ဒီလိုဖြစ်လာမယ်ဆိုရင် အဲဒီ အီလက်ထရောနစ် တက်တူး တွေကို စာဖတ်သူ အသုံးပြုမလားဆိုတာ မန့် ခဲ့ပါအုံးဗျာ။

download

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *