News

Motorolaက Moto Xဖုန်းကို တစ်ပတ် အလုံးတစ်သိန်း တင်ပို့နေရ

အမေရိကန်နိုင်ငံ၊ ချီကာဂိုအခြေစိုက် ကမ္ဘာကျော် နည်းပညာကုမ္ပဏီ Motorlaအနေနဲ့ ၎င်းတို့ရဲ့စမတ်ဖုန်းသစ် Moto Xကို တစ်ပတ်လျှင် အလုံးရေ တစ်သိန်းခန့် တင်ပို့နေရကြောင်း သတင်းရရှိပါတယ်။ ကုမ္ပဏီရဲ့ CEO Dennis Woodsideရဲ့ ပြောကြားချက်အရ Motorolaဟာ ဒီနှုန်းအတိုင်းသာ ဆက်သွားမယ် ဆိုပါက နှစ်စဉ် ဖုန်းအလုံးရေ ငါးသန်းကျော် တင်ပို့ရောင်းချ ရဖွယ်ရှိနေပါတယ်လို့ ဆိုပါတယ်။ အမေရိကန် အခြေစိုက်ပဲ ဖြစ်တဲ့Apple ကုမ္ပဏီကတော့ မကြာသေးမီ ကာလတုန်းက iPhoneအလုံးရေ ၃၁.၂သန်း ခန့်တင်ပို့ ရောင်းချခဲ့ရ ပါတယ်။

အဆိုပါ Moto Xစမတ်ဖုန်းအကြောင်း မြန်မာအိုင်စီတီမှ ရေးသားထားတဲ့ Reviewကိုလည်း ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။ ဒီဖုန်းဟာ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက မိတ်ဆက်ပွဲထုတ် ခဲ့တာဖြစ်ပြီး Motorolaနဲ့ Googleတို့ ပူးပေါင်း ထုတ်လုပ်တဲ့ ပထမဆုံး စမတ်ဖုန်းလည်း ဖြစ်တယ်လို့ သိရပါတယ်။ ယခုဖော်ပြထားတဲ့ ပုံကတော့ Motorolaရဲ့ စမတ်ဖုန်းစက်ရုံထဲက လုပ်ငန်းခွင် တစ်နေရာ ဖြစ်ပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *