News

Motorola က Moto X ကို ဒေါ်လာတစ်ရာစျေးလျှော့ ရောင်းချပေးမည်

Motorola က Valentine’s Day အတွက် စျေးနှုန်းလျော့ချရောင်းချပေးရန် ပြင်ဆင်နေပါတယ်။ Mobile Carrier များရဲ့ ဖုန်းလိုင်းများမပါဘဲ အလွတ်ရောင်းချပေးနေတဲ့ Moto X ကို လာမယ့် တနင်္လာနေ့ (၂၇) ရက်မှ စတင်ကာ ဒေါ်လာ (၁၀၀) စျေးလျှော့ ရောင်းချမှာဖြစ်ပါတယ်။ Motor X ဖုန်းများကို ဖေဖော်ဝါရီလ(၁၄ )ရက်နေ့မတိုင်မီ $70 ထိ စျေနှုန်းလျော့ချ ရောင်းချပေးနေတဲ့ အစီအစဉ်ကိုလည်း Motorola က ပြုလုပ်ပေးထားပါတယ်။ Motorola က ၄င်း၏ Twitter account မှ တဆင့် ထိုအစီအစဉ်ကို ကြေညာလိုက်ပြီး သာမာန်အမျိုးအစား Moto X ကိုရော Developer များအတွက် ထုတ်လုပ်ထားတဲ့ Moto X ကိုပါ အကျိုးသက်ရောက်မှာ ဖြစ်ပါတယ်။ Moto X ဖုန်း၀ယ်ယူသူများအနေဖြင့်လည်း မိမိကြိုက်နှစ်သက်ရာ ဒီဇိုင်းပုံစံကို Moto Maker ၀က်ဆိုက်မှတဆင့် မှာယူနိုင်ပါတယ်။

Motorola မှ နောက်ထပ်အစီအစဉ် တစ်ခုအဖြစ် Moto X ဖုန်းကို $50 နှင့် Moto G ဖုန်းကို $40 ဖြင့် မကြာမီ အချိန်အတွင်းတွင် စျေးနှုန်းလျော့ ရောင်းချပေးသွားရန် အစီအစဉ် ရှိပါကြောင်း ကြေငြာထားပါတယ်။

Motor X ဖုန်းမှာ 4.7 လက်မ အရွယ် 720×1280 Resolution Display တပ်ဆင်ထားပြီး တစ်လက်မလျှင် Pixel သိပ်သည်းဆ(312) ဖြစ်ပါတယ်။ Memory မှာ 16 GB သို့မဟုတ် 32 GB ကိုရွေးချယ်နိုင်ပြီး 2GB RAM ပါရှိပါတယ်။ 1.7 GHz Krait Processor Dual-Core ဖြစ်ပြီး အနောက်ဘက် Camera မှာ 10 Mp နှင့် မျက်နှာချင်းဆိုင် Camera မှာ 2 Mp ဖြစ်ပါတယ်။ Android 4.2.2 Jelly Bean ကို အသုံးပြုမှာဖြစ်ပြီး အလေးချိန်မှာ 130 g ဖြစ်ပါတယ်။ ဘက်ထရီကတော့ 2200mAh ဖြစ်ကြောင်းပြန်လည်သုံးသပ် တင်ပြလိုက်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *