News

Moto X ကို $99.99 ဖြင့်ရောင်းချပေးနေပြီ

Motorola နဲ့  သူ့ရဲ့  Carrier Partners တွေဖြစ်တဲ့ AT&T, Sprint, US Cellular တို့က Moto X ကို နှစ် နှစ် စာချုပ်နဲ့ ရောင်းချပေးနေပြီး ဈေးနှုန်းကိုတော့ $99.99 သတ်မှတ်ထားပါတယ်။ ဒီဈေးကမူလသတ်မှတ်ထားတဲ့ဈေးထက် $100 လျှော့ပြီးရောင်းချပေးတာဖြစ်ပါတယ်။

US Cellular ကပိုမိုသက်သာတဲ့နှုန်းနဲ့ရောင်းချပေးနေပြီး သူ့လိုင်းကိုစတင်အသုံးပြုမယ့်သူတွေအတွက် $75 ထပ်မံလျှော့ချပေးမှာဖြစ်ပြီး Moto X ကို $24.99 နဲ့ ရရှိမှာပါ။

အခုလက်ရှိမှာတော့ Verizon က Moto X ကို နှစ် နှစ်စာချုပ်နဲ့ရောင်းပေးနေပြီး ဈေးကတော့ $199.99 ဖြစ်ပါတယ်။

T-Mobile ကတော့ SIM Card အခမဲ့ပေးမှာဖြစ်ပြီး Unlocked Moto X ကို $599.99 သတ်မှတ်ထားပါတယ်။

Motorola ရဲ့ တရား၀င် ၀က်ဆိုက်မှာ အသေးစိတ်ကြည့်ရှုရွေးချယ်နိုင်ပါတယ်။ တစ်ခုမှတ်ထားရမှာက တစ်ချို့  Offers တွေက  Motorola’s Online Shop ကနေတိုက်ရိုက်၀ယ်ယူရမှာပါ။ Carrier တွေရဲ့  Moto X အရောင်း ၀က်ဆိုက်တွေကနေ ၀ယ်ယူလို့မရပါဘူး။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *