Mobile

မြန်မာပြည်မှာ အသုံး၀င်ဦးမယ့် DROID Maxx

မြန်မာအိုင်စီတီ ပရိသတ်ကြီးအတွက် အသုံး၀င်စေမယ့် Motorola Droid Maxxဆိုတဲ့ စမတ်ဖုန်းတစ်လုံးနဲ့ မိတ်ဆက်ပေးချင် ပါတယ်။ အဆိုပါ စမတ်ဖုန်းဟာ GSMသာမက CDMA 800Mhzပါ အသုံးပြုလို့ ရတာကြောင့် မြန်မာနိုင်ငံ အတွက်တော့ တကယ်ကို ကိုက်ညီတဲ့ စမတ်ဖုန်းတစ်လုံးလို့ ဆိုနိုင်ပါတယ်။

Display

ဖုန်းရဲ့ မျက်နှာပြင်အကျယ်ဟာ ၅လက်မရှိပြီးတော့ 720×1280pixels Resolutionရှိတဲ့ အပြင် Multitouchလည်း အသုံးပြုလို့ ရတဲ့ Super AMOLED Capactive Touchscreenဖြစ်ပါတယ်။ ကာကွယ်မှု အနေနဲ့လည်း ဖုန်းမျက်နှာပြင်ကို Corning Gorilla Glassအလွှာနဲ့ ဖုံးအုပ်ထားတာ ဖြစ်လို့စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။

Connectivity

ဒီဖုန်းဟာ 2Gကွန်ရက်မှာ CDMA 800/1900, GSM 850/900/1800/1900နဲ့ 3Gကွန်ရက်မှာ ဆိုရင် CDMA 2000 1×EV-DO, HSPDA 850/900/1900/2100 စတဲ့ဆက်သွယ်မှု စနစ်တွေနဲ့ ချိတ်ဆက် အသုံးပြုနိုင်ရုံသာမက 4G LTEကွန်ရက်အထိပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ SIMကဒ်ကိုတော့ မော်ဒယ်မြင့် စမတ်ဖုန်းတွေရဲ့ ထုံးစံအတိုင်းပဲ Nano-SIMအနေနဲ့ သုံးရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လက ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပြီး ယခုလထဲမှာ ထွက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။
အချက်အလက်တွေ ကူးပြောင်းဖို့ GPRS, EDGEစတဲ့ စနစ်တွေအပြင် Wi-Fiကိုလည်း 802.11 a/b/g/n/acစတဲ့ ဗားရှင်းတွေ အစုံအလင်မှာ ချိတ်ဆက် အသုံးပြုနိုင်မှာ ဖြစ်ပြီး Bluetoothဗားရှင်း 4.0နဲ့ USB, microUSBတို့အပြင် ဖုန်းအချင်းချင်း ထိတွေ့လိုက်ရုံနဲ့ အချက်အလက်တွေ ကူးပြောင်းစီးဆင်းနိုင်မယ့် NFC(Near Field Communication)စနစ်လည်း ကောင်းကောင်း သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

Hardware & OS

စမတ်ဖုန်းထဲမှာ အသုံးပြုထားတဲ့ Chipsetဟာ “Qaulcomm Snapdragon S4 Pro”ဖြစ်ပြီး CPUအမြန်နှုန်း ကတော့ Dual-Core 1.7GHz Kraitဖြစ်ပါတယ်။ ဖုန်းရဲ့ ရုပ်ထွက်နဲ့ ဂိမ်းတွေဆော့နိုင်ဖို့ ဂရပ်ဖစ်အနေနဲ့ GPUကိုတော့ Adreno 320အသုံးပြု ထားတာ ဖြစ်လို့ ဂရပ်ဖစ်မြင့်မားတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ ဒီဖုန်းမှာ အန်းဒရွိုက်ဗားရှင်း 4.2.2(Jelly Bean)OSအသုံးပြု ထားပါတယ်။ ဖုန်းရဲ့ အာရုံခံကိရိယာတွေ အနေနဲ့ Sensorပိုင်း ဆိုင်ရာကိုလည်း Accelerometer, Gyro, Proximity, Compassနဲ့ လေထုဖိအား တိုင်းနိုင်မယ့် Barometerပါ ထည့်သွင်း တပ်ဆင်ထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။

Design & Body

ဖုန်းကို အနက်ရောင်တစ်မျိုးတည်း ထုတ်လုပ်မယ်လို့ သိရပြီး အလေးချိန်ကတော့ ၁၆၇ဂရမ် ရှိပါတယ်။ Splash Resistantဖြစ်ပြီး ရေစင်တာ၊ ရွှံ့စင်တာတွေကို အကြမ်းခံတဲ့ ပုံစံပါပဲ။ ထူးခြားတာကတော့ ဒီဖုန်းဟာ Memory Card Slotမပါ၀င် တာကြောင့် မှတ်ဉာဏ်ကို ထပ်မံတိုးချဲ့နိုင်မှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် စိတ်မပူပါနဲ့။ Motorolaက သူ့ပရိသတ်တွေ အတွက် ဖုန်းတွင်း မှတ်ဉာဏ်ကို 32GBစီစဉ် ပေးထားပြီး RAMလည်း 2GBအသုံးပြု ပေးထားပါတယ်။

Camera

ဖုန်းရဲ့ အဓိက ကင်မရာကိုတော့ 10MPအရည်အသွေး တပ်ဆင်ပေးထားပြီး AutoFocus, LED Flash, Touch Focus, Geo-Taggin, Face Detectionစတဲ့ ကင်မရာFeatureတွေလည်း အစုံအလင်ပါ၀င် ပါတယ်။ ဗီဒီယိုတွေကိုလည်း 1080p@30fpsအရည်အသွေးနဲ့ ရိုက်ကူးနိုင်မှာ ဖြစ်သလို ရှေ့ကင်မရာကိုတော့ 2MPအရည်အသွေးနဲ့ တပ်ဆင်ထားပါတယ်။

Entertainment

ဒီဖုန်းမှာ ရေဒီယိုတော့ ပါ၀င်လာခြင်း မရှိဘူးလို့ သိရပါတယ်။ MP3, WAV, MP4, WMVစတဲ့ formatတွေကို အစုံအလင် ဖွင့်နိုင်သလို သူ့ရဲ့ Browserဟာလည်း HTML 5 Browserဖြစ် ပါတယ်။

Battery

Motorola Droid Maxxမှာ အသုံးပြုထားတဲ့ ဘက္ထရီအမျိုးအစားကတော့ Li-Ion 3500mAh Batteryဖြစ်ပြီး Talking Timeကို ၄၈နာရီတောင် သုံးနိုင်မယ်လို့ ဆိုပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *