Mobile

Motorola RAZR MAXX

Motorola-RAZR-MAXX

အမေရိကန် Brandတွေကိုမှ ကြိုက်နှစ်သက်တဲ့ စမတ်ဖုန်း သုံးစွဲသူတွေအတွက် Motorola Razr Maxx စမတ်ဖုန်းကို မိတ်ဆက် ပေးလိုက်ရပါတယ်။ Motorolaရဲ့ Razr စီရီး ဖုန်းတွေထဲကမှ တစ်ခုဖြစ်တဲ့ Razr Maxx စမတ်ဖုန်းဟာဆိုရင် စွမ်းဆောင်ရည် မြင့်မားတဲ့ Dual-Core Processorနှင့်အတူ စမတ်ကျပြီး ခေတ်မှီ ဆန်းသစ်တဲ့ ဒီဇိုင်းပုံစံဖြင့် ဖန်တီး ပေးထားပါတယ်။ စမတ်ဖုန်းတစ်လုံးမှာ ပါ၀င်တဲ့ အဆင့်မြင့် နည်းပညာတွေကို စုံလင်စွာ ထည့်သွင်း ပေးထားတာကိုလည်း တွေ့ရပါတယ်။ Razr Maxxကို ၂၀၁၂ ခုနှစ် မေလမှာ မိုဘိုင်းဖုန်း ဈေးကွက်ထဲသို့ ဖြန့်ချိပေးခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ပြည်တွင်းဈေးကွက်ထဲမှာ အလွယ်တကူ ၀ယ်ယူရရှိနိုင်ပါပြီ။

Display
Razr Maxxရဲ့ Display အမျိုးအစားကတော့ OLED အမျိုးအစားကို အသုံးပြုပေးထားပြီး Super AMOLED Advanced နည်းပညာကို အခြေခံ ထားတဲ့အတွက် ရုပ်ထွက် အရည်အသွေးပိုင်းကို ကောင်းမွန်စွာ ပေးစွမ်းနိုင်ပါတယ်။ ၄.၃လက်မ အရွယ်အစားရှိတဲ့ Capacitive Touchscreen မျက်နှာပြင်ကို အသုံးပြုထားပြီး Multi Touch စနစ်ကို အခြေခံ ထားပါတယ်။ ဖုန်းရဲ့ မျက်နှာပြင်ကို အထိအခိုက် အပွန်းအပဲ့ဒဏ်မှ ကာကွယ် ပေးမယ့် Corning Gorilla Glassကိုလည်း တပ်ဆင် ထားပါသေးတယ်။ Resolutionအနေနဲ့ 540×960 Pixels ရရှိပါတယ်။

Connectivity
GSM ကွန်ရက်စနစ်သုံး စမတ်ဖုန်း အမျိုးအစားဖြစ်ပါတယ်။ 2G Networkမှာ ဆိုရင်တော့ (GSM 850/900/1800/1900)နှင့် 3G Networkမှာ ဆိုရင်တော့ (HSDPA 850/900/1900/2100) အစရှိတဲ့ ကွန်ရက်စနစ်တွေကို ထောက်ပံ့ပေးပါတယ်။ SIM Card အမျိုးအစားကတော့ Micro SIM ကဒ်အမျိုးအစား ဖြစ်ပါတယ်။ GPRS, EDGE, Bluetooth v4.0 with A2DP, Micro USB v2.0 အစရှိတဲ့ စနစ်တွေကို ထည့်သွင်း ပေးထားပါတယ်။ ဝါယာလက် အင်တာနက် ချိတ်ဆက်ဖို့အတွက် Wi-Fi 802.11 b/g/n, DLNA, Wi-Fi Hotspot စနစ်တွေကို အသုံးပြုနိုင်မှာပါ။

Hardware & OS
Dual Core Processorကို တပ်ဆင်ပေးထားပြီး 1.2GHz အမြန်နှုန်းက ဖုန်းတစ်လုံးရဲ့ စွမ်းဆောင်ရည်တွေကို လျင်မြန် တိကျစွာ လုပ်ဆာင်ပေးပါလိမ့်မယ်။ အချက်အလက်တွေကို သိမ်းဆည်း ပေးဖို့အတွက် Internal Storageက 16GBအထိ ထည့်သွင်းပေးထားတဲ့အတွက် ထိပ်တန်းအဆင့်ရှိ စမတ်ဖုန်းတွေရဲ့ Storage ပမာဏနဲ့ တူညီနေတာကို တွေ့ရပါတယ်။ RAMကတော့ 1GB ရှိပါတယ်။ ဖန်သားပြင်ပေါ်က ပုံရိပ်တွေကို ကြည်လင်ပြတ်သားစွာ ခံစား ကြည့်ရှုနိုင်ရန်အတွက် PowerVR SGX540 (GPU)က တာ၀န်ယူ လုပ်ဆောင်ပေးပါလိမ့်မယ်။ Micro SD ကဒ်ကို 32GBအထိ ထပ်မံ တိုးချဲ့ အသုံးပြုနိုင်ပါသေးတယ်။ Android OS v2.3.6 (Gingerbread)ကို အသုံးပြုပေးထားပြီး OSကို အဆင့်မြှင့်ပြီး သုံးချင်သူတွေအတွက် Android OS v4.0 (Ice Cream Sandwich)ကို Upgrade ပြုလုပ်နိုင်ပါတယ်။

Design & Body
ပါးလွှာပြီး စမတ်ကျတဲ့ဖုန်းကို ကိုင်ဆောင်ချင်သူတွေ အတွက်တော့ Razr Maxxက အသုံးပြုချင်စရာလေးပါ။ ဖုန်းကိုယ်ထည်ပိုင်းကို အနားသတ် ထောင့်ချိုးပုံစံနှင့် ဖန်တီးပေးထားတဲ့အတွက် စတိုင်ကျပြီး ဆန်းသစ် လှပတဲ့ ဒီဇိုင်းပုံစံလေးပါ။ ဖုန်းရဲ့ ပါးလွှာမှုဟာ 8.99mm အထိရှိပြီးတော့ ရေစိုဒဏ် ခံနိုင်တဲ့ စမတ်ဖုန်း အမျိုးအစားပါ။ ဖုန်းနောက်ကျောဘက်ကို DuPont Kevlar Fiberဖြင့် ပြုလုပ်ထားတဲ့အတွက် အကြမ်းခံ နိုင်ရည်အား ရှိပါတယ်။ ဖုန်းအရွယ်အစားကတော့ အရှည် ၅.၁၅လက်မ၊ အကျယ် ၂.၇၁လက်မ၊ အထူ ၀.၃၅လက်မ အနေအထားရှိပြီး အလေးချိန် ၁၄၅ ဂရမ် ရှိပါတယ်။

Camera
သင့်ရဲ့ ပျော်ရွင်ဖွယ်ရာ ကောင်းတဲ့ အဖြစ်အပျက်လေးတွေကို အမှတ်တရ ဓာတ်ပုံအဖြစ် ပုံဖော်ပေးမယ့် ကင်မရာရဲ့ အရည်အသွေးက 8MP အရည်အသွေး ရှိပါတယ်။ အပျော်တမ်း ကင်မရာတွေမှာ ပါ၀င်တဲ့ Featuresတွေကို စုံလင်စွာ ထည့်သွင်း ပေးထားတဲ့အချက်က Razr Maxxရဲ့ အားသာချက် တစ်ခုပါပဲ။ ကင်မရာရဲ့ Features တွေကတော့ (Auto Focus, LED Flash, Touch Focus, Geo-Tagging, Face Detection, Image Stabilization) အစရှိတဲ့ စနစ်တွေ ပါ၀င်ပါတယ်။ HD အရည်အသွေးရှိတဲ့ ဗီဒီယို တွေကိုလည်း 1080p@30fps နှင့် ရိုက်ကူး နိုင်ပါလိမ့်မယ်။ Video Calling ပြုလုပ်ဖို့အတွက် ဒုတိယ ကင်မရာငယ်ရဲ့ စွမ်းရည်က 1.3MP ရှိပါတယ်။

Music & Video
အသံပိုင်းဆိုင်ရာ စနစ်အတွက် MP3/AAC+/WAV/WMA အစရှိတဲ့ အသံဖိုင်တွေနှင့် ဗီဒီယိုစနစ် အတွက် MP4/H.263/H.264/WMV အစရှိတဲ့ ဗီဒီယိုဖိုင်တွေကို ထောက်ပံ့ပေးပါတယ်။ FM Radio စနစ် ပါ၀င်ခြင်း မရှိပဲ Internet Radioကိုတော့ နားဆင်နိုင်ပါတယ်။

Battery
Razr Maxx ရဲ့ ဘက်ထရီစွမ်းအားကို Sony Xperia Zနှင့် Samsung Galaxy SIIIတို့နှင့် နှိုင်းယှဉ် ကြည့်မယ်ဆိုရင် Razr Maxxရဲ့ Li-ion 3300 mAh ဘက်ထရီက သာလွန် ကောင်းမွန်နေတာ တွေ့ရပါ လိမ့်မယ်။ အားနည်းချက်ကတော့ ဘက်ထရီကို ဖြုတ်တပ် ပြုလုပ်လို့ မရပါဘူး။ Stand-by အနေအထားနှင့် နာရီပေါင်း ၆၀၇နာရီနှင့် ဖုန်းပြောဆိုချိန်မှာတော့ ၁၇နာရီ ၄၀ မိနစ်အထိ ခံနိုင်ရည်ရှိတယ်လို့ ဖော်ပြထားပါတယ်။

author-avatar

About Myo Zin

အမည်ရင်းမှာ မျိုးဇင်ကိုဖြစ်ပြီး Myanmar ICTတွင် နည်းပညာသတင်းများ၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းစသည့် IT ပစ္စည်းများအကြောင်း ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *