News

KMD Sales Centreများ၏ မုတ်သုံအထူး ဈေးရောင်းပွဲတော်

Computer, Mobile နှင့် ဆက်စပ်ပစ္စည်းများကို အထူးလျှော့ဈေး၊ အထူးအစီအစဉ်များစွာဖြင့် KMD Sales Centreများဖြစ်သော (ပန်းဆိုးတန်း)၊ (မြေနီကုန်း)၊ (တာမွေ)၊ (လမ်းမတော်) စင်တာတို့တွင် ဇူလိုင်လ ၈ရက်နေ့မှ ၁၄ရက်နေ့အထိ တစ်ပတ်ကြာ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဈေးရောင်းပွဲတွင် Mobileဖုန်းများအတွက် အနည်းဆုံး (၃%) မှ အများဆုံး (၅%) အထိ လျှော့ဈေးဖြင့် လည်းကောင်း၊ KMD Dual Core Desktop တစ်စုံကို (၂၉၉ဝဝဝ)ကျပ်ဖြင့်လည်းကောင်း၊ ရောင်းချပေးသွားမည့်အပြင်၊ မည်သည့် Notebook, Desktopမဆို ၀ယ်ယူသူများအတွက် ငွေ (၁)သောင်းကျပ် လျှော့ပေးမည်ဖြစ်ပြီး၊ ဗလာမပါ ကံစမ်းမဲနှင့် လက်ဆောင်များစွာကို ပေးအပ်မည့် Buy 1 Take 3 အစီအစဉ်ကိုလည်း တစ်ပတ်လုံး ပြုလုပ် ရောင်းချ ပေးသွားမည် ဖြစ်သည်။

ထို့ပြင် Antivirus Software တစ်ခုဖြစ်သော Kaspersky Antivirusကို Notebook, Desktopနှင့် တွဲဖက် ဝယ်ယူပါက ငွေ (၅ဝဝဝ)ကျပ်ဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း သိရပါသည်။ KMD Sales Centre၏ အထူး ဈေးရောင်းပွဲ အစီအစဉ်များနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက KMD (ပန်းဆိုးတန်း)- ၀၁-၂၄၅-၁၈ဝ၊ ၃၈၅-၁၇၇၊ ၃၈၅-၈၇၇၊ ၃၈၅-ဝ၇၇ ၊ KMD (မြေနီကုန်း) ၀၁- ၅ဝ၃-၅၁၁၊ ၅ဝ၃-၅၂၂၊ KMD (လမ်းမတော်)-ဝ၁-၂၃ဝ-၃ဝ၈၁၊ ၂၃ဝ-၃ဝ၈၂၊ KMD (တာမွေ) – ၀၁-၅၄၆-၆ဝဝ၊ ဝ၉-၃၁၂-၅၇၄-၄၆သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

 

 

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

One thought on “KMD Sales Centreများ၏ မုတ်သုံအထူး ဈေးရောင်းပွဲတော်

  1. Myo Thiha says:

    ဈေးကြီးရင်တော့ ဆောရီးပါ။KMD ရေ။

Leave a Reply

Your email address will not be published. Required fields are marked *