Cameras, News, Review

ပျော်ရွှင်စရာရောင်စုံအချိန်လေးများကိုအမိအရဖမ်းယူထားနိုင်မည့် Fujifilm InstaxMini 25

မိသားစု ၊ မိတ်ဆွေ သူငယ်ချင်းများနဲ့ အတူပျော်ရွှင်ဖွယ် အမှတ်တရ အချိန်များတွင် အမြဲတမ်း အမှတ်ရစေမည့် ဓါတ်ပုံများကို ချက်ချင်းရိုက် ချက်ချင်း ရယူနိုင်ရန်အတွက် စွမ်းဆောင်ပေးမည့် Fujiflim Mini 25 Instax Camera ပဲဖြစ်ပါတယ်။ Selfieဝါသနာရှင်များ အနေနဲ့လဲစိတ်ကြိုက် Selfie Shot တွေ ရိုက်နိုင်ရုံသာမက အရေအသွေး ကောင်းမွန်တဲ့ Selfieပုံများကို ရရှိစေရန် Lens ဘေးမှာ Self-snap မှန်ကို တပ်ဆင်ထားပါတယ် ။နေ့အချိန်ဖြစ်ဖြစ်  ညအချိန်ဖြစ်ဖြစ် ကြိုက်တဲ့အချိန်မှာ အကောင်းဆုံး အလင်းအမှောင်နဲ့ ဓါတ်ပုံကောင်းများ ရိုက်ယူနိုင်စေရန် အလင်း အမှောင် ချိန်ညှိပေးတဲ့ Lighten-Darken Control စနစ် ပါဝင်ပါတယ်။ ဒေါင်လိုက်ပုံ ရိုက်ချင်ရင်ပဲဖြစ်ဖြစ် ၊ အလျား လိုက်ပုံ ရိုက်ချင်ရင်ပဲဖြစ်ဖြစ် မိမိကြိုက်နှစ်သက်တဲ့ အနေအထားအမျိုးကို ရိုက်ယူဖို့ Shutter ခလုတ် (၂) မျိုးပြုလုပ် ထားပေးပါတယ်။ ကြည်လင်ပြတ်သားမှု ကောင်းတဲ့အရည်သွေး မြင့် ဓါတ်ပုံများကို ရယူနိုင်ရန်တွက် အလင်း အမှောင် အလိုအလျောက် ချိန်ညှိပေးနိုင်မယ့် Full-in Flash  စနစ်ပါဝင်ပြီး 35 cm အကွာအဝေး အတွင်းမှာလိုအပ် သလို အနီးအဝေး ချိန်ညှိပြီးရိုက်နိုင်ရန် အတွက်လဲ Close-up Lens ကို ပါ တပ်ဆင်ထားပေး ပါတယ်။ ဒါကြောင့် အလွယ်တကူ သယ်ယူသွားနိုင်ပြီး အပျော်တမ်း အမှတ်တရ ဓါတ်ပုံရိုက်ရင်ပဲဖြစ်ဖြစ် ၊ သဘာဝ အလှအပပုံ ကိုရိုက်ရင်ပဲဖြစ်ဖြစ် ၊ Selfieတွေ Groupie တွေ ရိုက်ရင်ပဲဖြစ်ဖြစ် ဘက်စုံအသုံးပြုနိုင်တဲ့ Fujiflim mini 25 Instax Camera အရောင်အသွေးမျိုးစုံကို ဈေးနှုန်းကျပ် ၉၈,ဝ၀ဝ ဖြင့် KMD အရောင်းစင်တာကြီးများတွင် ဝယ်ယူနိုင်ပါတယ်။ Frame ဒီဇိုင်း မျိုးစုံနဲ့ အခု (၂၀) ပါဝင်သော ဓါတ်ပုံFlimတစ်ဘူးကို ကျပ်၁၄,ဝ၀ဝ ဖြင့်လည်းကောင်း ဝယ်ယူနိုင်ပါတယ်။ Fujiflim mini 25 Instax Camera နှင့် ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါကဖုန်း KMD : 01-381-129, 245-180, 303-511, 230-3082 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *