News

ရန်ကုန်တိုင်းအတွင်း ဖမ်းဆီးရမိ ဆင်ဆာမဲ့နှင့် ညစ်ညမ်းခွေ တစ်သိန်းကျော် ဖျက်ဆီး

CD DVD Destroy

ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှ ဖမ်းဆီးရမိထားသော ဆင်ဆာမဲ့ ဗီဒီယိုခွေများနှင့် ညစ်ညမ်းခွေများအား ဖျက်ဆီးသည့် အခမ်းအနားကို ဇူလိုင်လ ၃ရက်နေ့က ရန်ကုန်မြို့၊ ဟံသာဝတီအဝိုင်း အနီးရှိ မူးယစ်ဆေးဝါး ပပျောက်ရေး အထိမ်းအမှတ် ပြတိုက်တွင် ကျင်းပခဲ့ကြောင်း သိရပါသည်။

ယခုနှစ် မေလ ၆ရက်နေ့မှ ဇွန်လ ၃၀ရက်အထိ မြို့နယ် ၃၃မြို့နယ်တွင် ဖမ်းဆီးရမိခဲ့သည့် တရားမဝင် ဆင်ဆာမဲ့ ခိုးကူးခွေပေါင်း ၁၁၄၃၁၆ခွေအား ဖျက်ဆီးသည့် အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ရဲမှုးကြီး ဝင်းနိုင်အပါအဝင် တာဝန်ရှိသူများ၊ ရုပ်ရှင်အစည်းအရုံးနှင့် ဂီတအစည်းအရုံးတို့မှ အနုပညာရှင်များ တက်ရောက်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က “တရားမဝင် ခိုးကူးနေကြတဲ့ ဝသမလောဘသားတွေနဲ့ ထုတ်လုပ်သူတွေက ငွေကြေး အကျိုးအမြတ်မရဘဲ ခေါင်းပုံဖြတ် ခံနေရပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

One thought on “ရန်ကုန်တိုင်းအတွင်း ဖမ်းဆီးရမိ ဆင်ဆာမဲ့နှင့် ညစ်ညမ်းခွေ တစ်သိန်းကျော် ဖျက်ဆီး

  1. Myo Thiha says:

    ဒါတွေရှိနေရင်တော့ လူငယ်ပိုင်းတွေ ရှေ့ ရေး နိမ့်ကျလာလိမ့်မယ်။ကောင်းသော ပြုပြင်မှုတွေ များများလုပ်ပေးနိုင်ကြပါစေ။

Leave a Reply

Your email address will not be published. Required fields are marked *