Cameras, News, Review

သမရိုးကျ CCTV Security Camera တွေကိုကျော်လွန်ပြီး 2 in 1 PROLiNK IP Camera with Wifi Extender

သမရိုးကျ CCTV Security Camera တွေကိုကျော်လွန်ပြီး 2 in 1 PROLiNK IP Camera with Wifi Extender

PROLiNK WirelessN MegaPixel IP Camera (PIC2001WE) ကို အသုံးပြုသူဟာ ရှုတ်ထွေးတဲ့ Router Setting တွေ Network လုပ်ထုံးတွေကို ချိန်ညှိနေစရာမလိုအပ်ဘဲ အလွယ်တကူတပ်ဆင်ပြီး အသုံးပြုနိုင်မယ့် True Plug & Play IP Camera ဖြစ်ပါတယ်။ High Definition IP Camera ဖြစ်တာကြောင့် Internet Web browser မှပဲဖြစ်ဖြစ်၊ Mobile Phone၊ Tablet မှပဲဖြစ်ဖြစ် Live Video တွေကို ကြည့်ရှုနိုင်မှာဖြစ်ပြီး ကြည်လင်ပြတ်သားတိကျတဲ့ ပုံရိပ်တွေကို ဖမ်းယူပေးထားမှာဖြစ်ပါတယ်။ High Resolution 720p ( 1280 x 720 ) ရှိတဲ့ Camera နဲ့အတူနောက်ဆုံးပေါ် H 264 နည်းပညာပါဝင်တဲ့ PIC2001WE ဟာအားနည်းတဲ့ အင်တာနက် Bandwidth နဲ့တောင်မှ ကြည်လင်ပြတ်သားတဲ့ မြင်ကွင်းကို ပေးစွမ်းနိုင်မှာ ပဲဖြစ်ပါတယ်။ ဒါ့အပြင် microSD Card ထည့်သွင်းအသုံးပြုရန် Slot ပါဝင်တာကြောင့် ဖမ်းယူထားတဲ့ Video တွေကို SDcard ထဲမှာတိုက်ရိုက် ထိန်းသိမ်းထားနိုင်မှာ ဖြစ်တာကြောင့် Video တွေကို ပြန်ကြည့်ချင်တဲ့အခါ လွယ်အဆင်ပြေမှာဖြစ်ပါတယ်။

Wifi Extender အသင့်ပါဝင်တာကြောင့် ရှိပြီးသားအသုံးပြု Wifi ကိုဖမ်းယူပြီး Wifi လိုင်းအားနည်းတဲ့ နေရာတွေ၊ လိုင်းမမိတဲ့နေရာတွေမှာ Wifi ပြန်လွှင့်ပေးနိုင်မှာ ဖြစ်ပါတယ်။ ရုံးတွင်း၊ အိမ်တွင်းမှာ တပ်ဆင်အသုံးပြုမယ်ဆိုရင် အင်တာနက်မလိုအပ်ပဲ IP Camera မှ Wifi ကို တိုက်ရိုက်ချိတ်ဆက်ပြီး အသုံးပြုကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ PROLiNK PIC2001WE နှင့် တွဲဖက်အသုံးပြုနိုင်တဲ့ Mobile App နှင့် Professional 16 Channel video management Software တွေကိုပါ အခမဲ့ရယူနိုင်ပါတယ်။ တပ်ဆင်ထိန်းသိမ်းရလွယ်ကူပြီး အသုံးပြုသူအဆင်ပြေစေမယ့် Singapore Brand PROLiNK WirelessN MegaPixel IP Camera ( PIC2001WE ) with Wifi Extender ကိုအာမခံ (၁) နှစ်၊ ဈေးနှုန်း ၅၁,၅၀ဝ ကျပ်ဖြင့် MRS Computer Centre မှ တရားဝင် အရောင်းကိုယ်စားလှယ်အဖြစ် ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး အမြို့မြို့၊ အနယ်နယ်ရှိ KMD Sales Centre ကြီးများနှင့် ကွန်ပျူတာ အရောင်းဆိုင်ကြီးများတွင် ဝယ်ယူရရှိနိုင်ပါတယ်။ အသေးစိတ် အချက်အလက်များကို စုံစမ်းသိရှိလိုပါက ဖုန်း MRS : 01-392-257, 392-259 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *