Gadgets, News, Review

Valore NFC Bluetooth Speaker

Valore NFC Bluetooth Speaker

အရွယ်အစားသေးငယ်ပေါ့ပါးပြီး သွားလေရာမှာ ယူဆောင်သွားနိုင်ပြီး မိမိနားဆင်လိုတဲ့ သီချင်းတေးဂီတ ရသကို အပြည့်အဝ ခံစားနားဆင်နိုင်ဖို့အတွက် Singapore Brand ဖြစ်တဲ့ Valore NFC Bluetooth Speaker ( V-BTS90 ) ကိုအသုံးပြု ကြည့် စေချင်ပါတယ် ။ မိမိ Smartphone နှင့် Tablet များမှ သီချင်းများကို Speaker ဖြင့် နားထောင်လိုသူများအတွက် Bluetooth ဖြင့် အလွယ်တကူ ချိတ်ဆက်ရုံ သာမက Near Field Communication ( NFC ) စနစ်ပါ ပါဝင်တာဖြစ်တာကြောင့် Speaker ဖွင့်ပြီး Smartphone ကို အနားကပ်လိုက်ရုံဖြင့် Speaker ဖြင့် နားဆင်နိုင်မှာဖြစ်ပါတယ် ။ ကြိုးဖြင့် ဆက်သွယ်လိုသူများ အတွက် 3.5 mm Jack ပေါက်ပါဝင်ပါတယ် ။ ထိပ်တန်းအဆင့်မှီ အသံအရည်သွေး ပေးစွမ်းနိုင်ပြီး Bass အသံ နှင့် Treble အသံ ပိုမို ကြည်လင်ပြတ်သား ပေါ်လွင်စေဖို့ ပြုလုပ်ထားတဲ့ Speaker ဖြစ်ပါတယ် ။ ဆက်သွယ်ရန်လွယ်ကူပြီး အသံထွက်ကောင်းမွန် သည့် အရည်အသွေးသာမက အကြမ်းခံနိုင်ဖို့ အတွက် Tank Base Structure ဖြင့်တည်ဆောင်ထားပြီး Speaker ပတ်ပတ်လည် ကို ရာဘာဖြင့် ပြုလုပ်ထားတာကြောင့် အထိအခိုက် အပွန်းအပဲ့ ခံနိုင်ပြီး ယခု Valore ရဲ့ အဓိက အားသာချက်ကတော့ ရေစိုခံ နိုင်တဲ့ အရည်အချင်းပဲဖြစ်ပါတယ် ။ သီချင်းနားထောင်ရင်းနဲ့ ဖုန်း ဝင်လာတဲ့အခါမှာ ဆက်သွယ်ထားတာကို ဖြုတ်စရာမလိုပဲ ပြန်ပြောနိုင်ဖို့ Built-in Mic ပါဝင်ပြီးသား ဖြစ်ပါတယ် ။ အသံထွက်ကောင်းမွန်ပြီး အကြမ်းခံတဲ့ Valore NFC Bluetooth Speaker ( V-BTS90 ) အရောင်အသွေးမျိုးစုံကို ဈေးနှုန်း ၃၃,ဝ၀ဝ ကျပ်ဖြင့် KMD အရောင်းစင်တာကြီးများတွင် ဝယ်ယူရရှိနိုင်ပါတယ် ။ Tel KMD : 01-381-129, 01-503-511, 01-220-555 ။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *