Education, Lifestyle, News

နေ့စဉ်ကျောင်းခွင်၊ လုပ်ငန်းခွင်အတွက် လိုအပ်မည့် ကွန်ပျူ တာအခြေခံများနှင့် ပတ်သက်သော သင်တန်းကျောင်းများကို ဒီဇင်ဘာလဒုတိယအပတ်အတွင်း KMD သိမ်ကြီးဈေးစင်တာတွင် ဖွင့်လှစ်သွားမည်။

KMD

လုပ်ငန်းခွင် ကျောင်းခွင်တွင် နေ့စဉ်အသုံးပြုလျက်ရှိတဲ့ Microsoft Office Application များ ( Word, Excel , Powerpoint ) ကိုအခြေခံမှစ၍ ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်ရန်အတွက် အချိန်တိုအတွင်း ထိထိရောက်ရောက် သင်ကြားပေးမည့် iOffice တန်းခွဲသစ်များကို December လ ဒုတိယအပါတ်အတွင်းဖြစ်တဲ့ ၁၃ ရက်နေ့တွင် 7:00 am to 10:00 am (Saturday ~ Sunday) တန်းခွဲသစ်ကိုလည်းကောင်း ၊ ၁၄ ရက်နေ့တွင် 4:00 pm to 7:00 pm (Saturday ~ Sunday) တန်းခွဲသစ်ကိုလည်းကောင်း KMD သိမ်ကြီးဈေးစင်တာတွင် ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ပါသည်။ လက်ရှိကုမ္ပဏီကြီးများ နှင့် အဖွဲ့အစည်းများမှာ အသုံးပြုလျက်ရှိတဲ့ Computerized Accounting Software ( MYOB ) ကို ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင် အသုံးပြုလိုသူ များအတွက်လည်း MYOB သင်တန်းကိုဒီဇင်ဘာလ ၈ ရက်နေ့တွင် 7:00 am to 8:30 am (Mon ~ Fri) ရုံးချိန်လွှတ် တန်းခွဲ သစ်ကိုဖွင့်လှစ်သွားပါမည် ။ GraphicDesign ပိုင်းကို စိတ်ဝင်စားသူများအတွက် Adobe Photoshop CS5 နှင့် Illustrator CS5 ၏ အခြေခံသဘောတရားများ နှင့် မိမိစိတ်ကြိုက် ဖန်တီးပြုပြင်နိုင်ရန်အတွက် လိုအပ်မည့် အရည်သွေးများကိုပါ သင်ကြားပေးမည့် Graphic Design သင်တန်းကို ဒီဇင်ဘာလ ၈ ရက်နေ့တွင် 10:00 am to 1:00 pm (Mon ~ Fri) စတင် တက်ရောက်နိုင်မှာဖြစ်ပါသည် ။ ထို့အပြင် မိမိဖုန်းကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိင်ရန်အတွက် ဖွင့်လှစ်သင်ကြားပေးသော Handy Smartphone တန်းခွဲသစ်ကိုလည်း ဒီဇင်ဘာလ ၈ ရက်နေ့တွင် 4:00 pm to 7:00 pm (Mon ~ Fri) သင်တန်းအဖြစ် တန်းခွဲသစ်ကို ဖွင့်လှစ်သွားမည်ဖြစ်ပါတယ် ။ အထက်ပါသင်တန်းများကို ပန်းပဲတန်းမြို့နယ် ၊ သိမ်ကြီးဈေး ၊ Block ( C ) ၃ လွှာရှိ KMD စင်တာတွင် ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ပါတယ် ။ KMD သိမ်ကြီးဈေးစင်တာတန်းခွဲသစ်များနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုလျှင် ၊ ကြိုတင်စာရင်းပေးသွင်း အပ်နှံလိုလျှင် ဖုန်း KMD : 01-384-268, 01-384-641 သို့ဆက်သွယ် စုံစမ်းနိုင်ပါတယ် ။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *