Education, Lifestyle, News

Scottish Qualification Authority,UKမှ ဖွင့်လှစ်သော HND Computing Software Development Course လိုအပ်ချက်များကို တစ်ဦးချင်းစီ ဆွေးနွေးပေးမည့် အစီအစဉ်

Scottish Qualification Authority (SQA),UKမှ ဖွင့်လှစ်သော HND Computing: Software Development Courseနှင့်ပတ်သက်ပြီး လိုအပ်ချက်များကို တစ်ဦးချင်းစီ ဆွေးနွေးပေးမည့် အစီအစဉ်

Scottish Qualification Authority (SQA),UKနှင့် KMDComputer Centreတို့ ပူးပေါင်းပြီး ဖွင့်လှစ်ထားသော HND Computing: Software Development Diploma သင်တန်း တက်ရောက်နိုင်ရန်အတွက် လိုအပ်ချက်များကို တစ်ဦးချင်း ဆွေးနွေးပေးမည့် အစီအစဉ်ကို KMD Myaenigone Centre (Function Hall) တွင် တာဝန်ရှိသူမှ ဖေဖော်ဝါရီလ ၉ ရက် ဗုဒ္ဓဟူးနေ့၊ နေ့လည် ၁ နာရီမှ ၃ နာရီအထိ ဆွေးနွေးပေးမည် ဖြစ်ကြောင်းသိရပါသည်။ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ၊ တက္ကသိုလ်တက်ရောက်ဆဲ ကျောင်းသား/သူများ၊ GCE O Level , IELTS ဖြေဆိုအောင်မြင်ထားသူများအတွက် မြန်မာပြည် အတွင်းမှာပင် Diploma မှ စပြီး Bachelor အထိ ဆက်လက်တက်ရောက်နိုင်သလို၊ နောက်ဆုံးနှစ်ကို နိုင်ငံတကာတက္ကသိုလ် ကြီးများသို့ သွားရောက်ပြီး ဆက်လက်တက်ရောက်ချင်သူများအတွက်လည်း စီစဉ်ပေးထားသည့် အကြောင်းများကို ဆွေးနွေး ပေးသွားမည်ဖြစ်ပါသည်။ HND Diploma သည် လက်တွေ့ပိုင်းကို ဦးစားပေးသောVocational Qualifications သင်တန်း ဖြစ်ပြီး ၊ HND Diploma ရရှိထားသူများ အနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရရှိမည့်အကြောင်းများကိုလည်း ဆွေးနွေးပေးသွားမည် ဖြစ်ကြောင်းသိရှိရပါသည်။ HND Computing: Software Development Diploma ဆွေးနွေး ပွဲသို့ တက်ရောက်လိုသူများအနေဖြင့် သိရှိလိုပါက KMD Computer Centre ဖုန်း ဝ၁-၇၀ဝ-၈၉၇၊ ဝ၁-၅၀၂-၂၃၃ သို့ ဆက်သွယ်စာရင်း ပေးသွင်းနိုင်ပါသည်။

Related Posts