Gadgets, News, Review

ကိုယ်တိုင်ကိုယ်ကျ ထိတွေ့ခံစားမှုရရှိစေမယ့် Ultimate Gaming Machine Lenovo Y50-70

Ultimate Gaming Machine Lenovo Y50-70

ဘယ်လိုမျိုး Game တွေပဲကစားကစား Game ရသအပြည့်အဝ ခံစားနိုင်ဖို့အတွက် Lenovo ရဲ့ Gaming Series ထဲက တစ်ခု ဖြစ်တဲ့ Y50-70 Notebook ဟာ အသုံးပြုသူတွေအတွက် စိတ်ကျေနပ်မှုရှိစေရန် အပြည့်အဝအာမခံမယ့် Gaming Notebook ပဲဖြစ်ပါတယ် ။ Notebook ရဲ့ မောင်းနှင်အားအတွက် 4th Gen Intel Core i7-4710HQ  Chipset နဲ့ အတူ2.5 GHz speed ရှိတဲ့ Processor Core ၈ လုံးပါဝင် တဲ့ CPU ကို တပ်ဆင်ထားတာ ဖြစ်တဲ့အတွက်ကြောင့် နောက်ဆုံးပေါ် Game များ ၊ Online Game များ ကစားတာပဲဖြစ်ဖြစ် ၊ Multi-tasking ပြုလုပ်ဖို့ပဲဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးနဲ့ လျင်လျင်မြန်မြန် အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ် ။ Graphic လိုအပ်ချက်များအတွက် Nvidia ရဲ့ နောက်ဆုံးပေါ်ဖြစ်တဲ့GTX-860M 4GB (Maxwell) Graphic Card ကို ထည့်သွင်းအသုံးထားတဲ့အပြင် 15.6 လက်မအရွယ်အစားရှိတဲ့ Scrennနဲ့အတူ 1920 x 1080 pixels Resolution ရှိတဲ့ အတွက် ရုပ်ထွက်တိကျကောင်းမွန်တဲ့ Full HD ရသကိုပါ ခံစားနိုင်မှာဖြစ်ပါတယ် ။ Radom Access Memory အတွက် 8 GB ရှိပြီး ထပ်မံတိုးချဲ့လိုသူများအတွက် RAM Slot အပိုပါရှိပြီး Storage HDD 1 TB ပါဝင်ပါတယ် ။

Game ကောင်းကောင်းကစား နိုင်ဖို့အတွက် ရုပ်ထွက်နဲ့ စွမ်းဆောင်ရည်ထက်မြက်နေရုံနဲ့ မပြီးသေးတာဖြစ်ပြီး အသံပိုင်းနဲ့ အသုံးပြုမှု သက်တောင့်သက်သာ ရှိစေမှုလည်း လိုအပ်ပါတယ် ။ ဒါကြောင့် အသံပိုင်းအတွက် Notebook အတွင်းမှာ ကြည်လင်ပြတ်သားတဲ့ အသံထွက် အတွက် နာမည်ကြီးတဲ့ JBL Speaker ကို ထည့်သွင်းအသုံးပြုထားတာ ဖြစ်ပါတယ် ။ On board Keyboard ကို ကြည့်မယ်ဆိုရင် Key pad အောက်မှာ LED Backlit တပ်ဆင်ထားပြီး Key တွေကို ထိထိရောက် အသုံးပြုနိုင်ရန် တိကျသေချာစေမယ့် Accu Type Keyboard System ကိုအသုံးပြုထားပါတယ်။ Wifi အသုံးပြုပြီး Online Game တွေ ကစားတဲ့အခါမှာသာမန် Notebook ထက် ပိုမိုလိုင်းဆွဲအားကောင်းမွန်တဲ့ Intel Dual Band Wireless စနစ်ကိုတိုးမြှင့်ထားပါတယ်။ အထက်မှာ ဖော်ပြထားသော အရည်အသွေး မြင့်မားတဲ့ အစိတ်အပိုင်းတွေကို အားလုံးတပေါင်းတစည်းအတည်း အတူတကွ အလုပ်လုပ်နိုင်ဖို့အတွက် Windows 8.1 ( 64 bit ) License Version ပါဝင်ပြီးဖြစ်ပါတယ် ။ Game ကစားရန်အတွက် သာမက Graphic Designer တွေ အတွက်ပါ အကောင်းဆုံး အထောက်အကူပြုနိုင်မည့် Notebook ပဲဖြစ်ပါတယ် ။ဈေးနှုန်း 1,249 US$ ဖြစ်ပြီး Lenovo ရဲ့ 1 Year International Warranty ပါရှိပါတယ် ။ KMD မှ ပစ္စည်းမှန် ၊ အရည်အသွေးမှန် ၊ ဈေးနှုန်းမှန် Lenovo Product များကို မြန်မာနိုင်ငံ၏ တစ်ဦးတည်းသော အရောင်းကိုယ်စားလှယ် အနေဖြင့် ဖြန့်ဖြူးရောင်းချပေးနေပါတယ် ။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *