Gadgets, News, Review

ဈေးနှုန်းချိုချို သာသာနဲ့ International Brand Tablet ကောင်းကောင်းအသုံးပြုလိုသူများအကြိုက်တွေ့စေမယ့် Dell Venue 7 Tablet

ဈေးနှုန်းချိုချို သာသာနဲ့ International Brand Tablet ကောင်းကောင်းအသုံးပြုလိုသူများအကြိုက်တွေ့စေမယ့် Dell Venue 7 Tablet

HD Game တွေဆော့ဖို့ပဲဖြစ်ဖြစ် ၊ HD Videos တွေကြည့်ဖို့ပဲဖြစ်ဖြစ် ၇ လက်မအရွယ်အစားရှိတဲ့ IPS Touch မျက်နှာပြင်ပေါ် မှာ ကြည်လင်ပြတ်သားမှုရှိနိုင်ဖို့အတွက် Screen Resolution 800 x 1280 pixels ပါရှိပါတယ် ။ Dell Venue 7 Tablet ဟာ GSM/WCDMA simCard ထည့်သွင်းအသုံးပြု နိုင်မည်ဖြစ်ပြီး 3G မြန်နှုန်းမြင့် HSPAကို ထောက်ပံ့ပေးထားတာဖြစ်တဲ့ အတွက်ကြောင့် အင်တာနက် ကောင်းကောင်းအသုံးပြု နိုင်မယ့် Tablet ဖြစ်ပါတယ် ။ အတွင်းပိုင်းစွမ်းဆောင်ရည်တွေ ကြည့်မယ်ဆိုရင် Dual-core 1.6 GHz Cpuကို Intel Atom Z2560 ဖြစ်တဲ့ Notebook တွေ မှာအသုံးပြုတဲ့ Chipset ထည့်သွင်းထားပြီးRAM Memory အတွက် 2 GB ပါဝင်ပါတယ် ။ Operating Sytem ကတော့ Android OS v4.2.2 ( Jelly Bean) တင်ထားတာဖြစ်တဲ့အတွက် အသုံးပြုသူတွေ ပေါ့ပေါ့ ပါးပါးနဲ့ အသုံးပြု နိုင်မှာဖြစ်ပါတယ် ။ Camera အသုံးပြုသူတွေ အတွက် Main Camera 3.15 MP နဲ့ Secondary Camera 1.2 MP ရှိပါတယ် ။ Tablet ကိုအသုံးပြုရာတွင် နာရီကြာကြာ အသုံးပြုနိုင်ဖို့အတွက် Li-Ion 4100 mAh Battery ထည့်သွင်းထားပါတယ် ။ ဈေးနှုန်းကတော့ ကျပ် ၁၈၉,ဝ၀ဝ ဖြစ်တာကြောင့် ဈေးနှုန်းချိုချို သာသာနဲ့ International Brand Tablet ကောင်းကောင်း အသုံးပြုလိုသူများ အကြိုက်တွေ့စေမယ့် Dell Venue 7 Tablet ပဲဖြစ်ပြီး KMD အရောင်းစင်တာကြီးများတွင် ဝယ်ယူနိုင်ပါတယ် ။ ဆက်သွယ်ရန် ဖုန်း KMD : 01-381-129 , 01-381-035, 01-249-180 : Ext 124,146 ။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *