News

မုံရွာမြို့၌ ကျန်းမာပျော်ရွှင်သော နေ့ရက်များဆီသို့ ဖွင့်ပွဲကျင်းပ

LG Electronic၏ ပံ့ပိုးကူညီမှုဖြင့် ”ကျန်းမာပျော်ရွှင်သော နေ့ရက်များဆီသို့” တစ်ကိုယ်ရေ သန့်ရှင်းခြင်း၊ အာဟာရမျှတခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု မြှင့်တင်ခြင်းနှင့် ပျော်ပွဲရွှင်ပွဲများ အစီအစဉ် ကျင်းပခဲ့ကြောင်း သိရသည်။ ဖွင့်ပွဲအခမ်းအနားကို နံနက် ၉ နာရီခွဲက မုံရွာမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။ ၎င်းအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးသိန်းဟန်၊ မုံရွာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွန့်စိုးနှင့် ဖိတ်ကြား ထားသူများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူလေးများက ”အငြိမ့်နှမလေး”တေးသီချင်းဖြင့် သီဆိုကပြဖွင့်လှစ်ပြီး အခမဲ့ကျန်းမာရေး စစ်ဆေးပေးခြင်း၊ LG Electronicထုတ်ကုန်များနှင့် ပတ်သက်၍ အခမ်းအနားမှူးက ရှင်းလင်း ပြောကြားခြင်း၊ Movie Show, Model Showပြသခြင်း၊ Team Work Gameပြုလုပ်ခြင်း၊ အိမ်ရှင်မများအတွက် အထူးအစီအစဉ်အဖြစ် အဝတ်လျှော်စက်ဖြင့် အခမဲ့ အဝတ်လျှော်ပေးခြင်းနှင့် ကံစမ်းမဲများ ဖောက်ပေးခြင်း၊ Dancerအဖွဲ့မှ ကပြဖျော်ဖြေခြင်း၊ LG ကုန်ပစ္စည်းနှင့် ပတ်သက်သည့် ပဟေဠိ အမေးအဖြေ ပြုလုပ်ခြင်း စသည်ဖြင့် (Brand Knowledge)အစီအစဉ် အတိုင်း ကျင်းပခဲ့သည်။

ဆက်လက်၍ LG Photo Cronerတွင် အခုရိုက် အခုယူဓာတ်ပုံ ရိုက်ထားသူများထဲမှ အကောင်းဆုံး ဓာတ်ပုံအလှပိုင်ရှင် ရွေးချယ်ခြင်း၊ Karaokeအဆိုပြိုင်ပွဲ၊ Mr& Miss LG Contend (Second Round)အစီအစဉ်များဖြင့် ပထမနေ့တွင် နံနက် ၉ နာရီခွဲမှ ညနေ ၃ နာရီ ၃၅ မိနစ်အထိ လည်းကောင်း၊ ဒုတိယနေ ့တွင် နံနက် ၉ နာရီခွဲမှညနေ ၄ နာရီအထိ ပျော်ပွဲရွှင်ပွဲများ၊ ပြိုင်ပွဲဆုချီးမြှင့်ခြင်း အစီအစဉ်များဖြင့် လည်းကောင်း စည်ကားသိုက်မြိုက်စွာဖြင့် နှစ်ရက်တိုင်တိုင် ကျင်းပခဲ့ကြောင်းသိရှိရသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *