သီရိလင်္ကာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဋ္ဌာန၊ စက်မှုနှင့် ကူးသန်းရောင်း၀ယ်ရေး ၀န်ကြီးဋ္ဌာနနှင့် ပြည်ပပို့ကုန် တိုးမြှင့်ရေးအဖွဲ့တို့ ပူးပေါင်း၍ ၂၀၁၃ခုနှစ်၊ နို၀င်ဘာ ၁၃ရက်နေ့မှ ၁၇ရက်နေ့ထိ ကျင်းပပြုလုပ်မည့် ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်း ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ကုန်စည်ပြပွဲကို ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။ အဆိုပါပြပွဲတွင် ဓနသဟာရနိုင်ငံများ၏ အစိုးရခေါင်းဆာင်များ အစည်းအေ၀းနှင့် အခြားအစီအစဉ်များကိုလည်း ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ပြပွဲ၌ ကုန်သွယ်မှုဆိုင်ရာ ပြခန်းပေါင်း (၃၀၀)ကို ၃မီတာ ပတ်လည် အခမဲ့ပြသနိုင်ကြောင်းနှင့် ပြည်တွင်းရှိ စက်မှုလုပ်ငန်းရှင်များ၊ စက်မှုနည်းပညာများကို ဖော်ထုတ်ရန်အတွက် များစွာအကျိုးရှိမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ စိတ်ပါ၀င်စားသော လုပ်ငန်းရှင်များအနေဖြင့် ကုန်သည်စက်မှုအသင်းချုပ်(UMFCCI)သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရပါသည်။