News

မိုက်ခရိုဆော့ဖ်၏ လုံခြုံရေးဆိုင်ရာ အရာရှိချုပ် လာရောက်မည်

Microsoft ကုမ္ပဏီ၏ Chief Security Officer and Advisor (Asia) တစ်ဦးဖြစ်သူ Mr. Pierre Noel မြန်မာနိုင်ငံသို့ လာရောက်၍ ကွန်ပျူတာ၊ ကွန်ရက်၊ Product စသည်တို့၏ လုံခြုံရေးအပိုင်းနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်သည်ဟု မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်ဟု သိရသည်။

Mr.Pierre Noelသည် စက်တင်ဘာ ၁၆၊ ၁၇၊ ၁၈ရက်တို့တွင် ရန်ကုန်၊ နေပြည်တော်တို့၌ အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်မည်ဟု သိရသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် e-Governmentအတွက် အသုံးပြုနေသည့် Productများနှင့် ပတ်သက်သည့် လုံခြုံရေးပိုင်းနှင့်ပတ်သက်၍ သိသင့်သည်များကို ဆွေးနွေးသွားမည်ဟု ဆိုသည်။

ထို့အပြင် Myanmar Computer Emergency Respond Team (mmCERT)မှ တာဝန်ရှိသူများနဲ့ တွေ့ဆုံ၍ လုံခြုံရေးနှင့် ပတ်သက်သည့် ဆွေးနွေးမှုများကိုလည်း ပြုလုပ်မည်ဟု သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *