News

နေပြည်တော်တွင် Auto CADသမားများ အလုပ်ဖြစ်

နေပြည်တော်ဒေသတွင် လုပ်ငန်းလိုအပ်ချက်အရ Auto CADသမားများ အလုပ်အကိုင် အခွင့်အရေး ပိုမိုရရှိကြပြီး ဆိုင်ဖွင့်ထားကြသော Auto CADသမားများလည်း လတ်တလော အချိန်ကာလအတွင်း ပိုမို အလုပ်ဖြစ်နေကြကြောင်း သိရသည်။ လုပ်ငန်းခွင်အတွင်း Auto CADသမားများအနေဖြင့်လည်း  အခြေခံလစာ သုံးသိန်းအထိ ရှိနေသလို ဆိုင်ဖွင့်ကာ ဆွဲနေသူများအနေဖြင့်လည်း ယခုကာလအတွင်း တန်းစီစနစ်ဖြင့်ပင် ဆွဲပေးနေရကြောင်း လုပ်ငန်းအပ်သူတစ်ဦးက ပြောသည်။

“ဒီမှာက Auto CADနှင့် ပတ်သက်လာရင် ဆိုင်အပ်ပြီးဆွဲရတာက တစ်နေရာ၊ AOဆိုဒ်နဲ့ သွားထုတ်ရတာက တစ်ဆိုဒ်ဖြစ်နေတယ်။ ဆိုင်မှာအပ်ရင်တောင် တန်းစီစနစ်နဲ့ စောင့်ပြီးမှ အလုပ်အပ်ရလောက်အောင်ကို Auto CADဆိုင်သမားတွေ အလုပ်ဖြစ်နေကြတယ်ဗျာ။ Auto CADသမားက ရှားတာကို”ဟု မြေပုံလာအပ်သူ တစ်ဦးက ပြောခဲ့သည်။ နေပြည်တော်ဒေသတွင် လတ်တလောကာလအတွင်း အလုပ်ရှင်များအနေဖြင့် Auto CADဖြင့် Steel Statureအပိုင်းတည်ဆောက်မှု၊ Site Planများကို ရေးဆွဲပြီးမှ အလုပ်အပ်သူများကို ရှေးဦးစွာတင်ပြခြင်းနှင့် အလုပ်သမားတို့ကို စေခိုင်းခြင်းတို့ကြောင့် AutoCAD သမားများ ပိုမိုအလုပ်ဖြစ်လာခြင်း ဖြစ်ကြောင်း ယင်းတို့ထံမှ သိရသည်။

“လာအပ်တဲ့သူတွေကတော့ MAH, Mapping, Steel Staturce, Site Planစတာတွေ လာအပ်တာများပြီး 3Dထက် 2Dကို ပိုပြီးအသုံးများကြပါတယ်”ဟု Auto CADသမားတစ်ဦးက ဆိုသည်။ နေပြည်တော်ဒေသတွင် Auto CADလက်ခံရေးဆွဲပေးသော ဆိုင်အရေအတွက်မှာလည်း လက်ချိုးရေတွက်၍ပင် ရနိုင်ပြီး အဆိုပါသင်ခန်းစာကိုလည်း အမှန်တကယ်ထိထိရောက်ရောက် ကျွမ်းကျင်ပိုင်နိုင်စွာ ရေးစွဲတတ်စေရန် သင်ကြားပေးနိုင်သော ကွန်ပျူတာသင်တန်းကျောင်းများလည်း ရှားပါးနေသေးကြောင်း သိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *