Education, Lifestyle, News

Android Application Developer ဖြစ်ချင်သူများအတွက်သတင်းကောင်း

Android Application Developer ဖြစ်ချင်သူများအတွက်သတင်းကောင်း

KMDမှ ပေးပို့လာသော သတင်းကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။

Open Source Language ဖြစ်သော Java Programmingဖြင့် Android Platformပေါ်တွင် Mobile Application ရေးသားလိုသူများနှင့် Android Mobile Industry တွင် Android Application Developer တစ်ဦးအဖြစ် ရပ်တည်လိုသူများအတွက် တက်ရောက် လေ့လာသင့်သည့် သင်တန်းဖြစ်ပါသည်။ယနေ့လူကြိုက်အများဆုံး Android Operating Systemကို အသုံးပြုထုတ်လုပ်ထားသော Android ဖုန်းများ၏ နည်းပညာများကို စနစ်တကျ သိရှိနားလည် တတ်မြောက်နိုင်စေရန်နှင့် Android ဖုန်း အသုံးပြုသူများအတွက် အထောက်အကူဖြစ်စေသော Mobile Applicationများ ရေးသားနိုင်သည့် Mobile Developer များပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သော သင်တန်းဖြစ်ပါသည်။

Android Mobile Programming သင်တန်းကို Object Oriented Programming Language ဖြစ်သော Java Language ၏ OOP concept များကို သိရှိပြီးသူများ တတ်ရောက်နိုင်ပြီး Android Application များကို ကိုယ်တိုင်ရေးသား ဖန်တီးရမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ အသေးစိတ် သိရှိလိုပါက KMD Computer Centre အမှတ် (၁၇၄-၁၈၂)၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်းနံပါတ် ၃၉၁၂၈၆၊ ၃၈၁၀၃၅၊ ၃၈၁၁၂၉ နှင့် အမှတ် (၃၃၁)၊ ပြည်လမ်း၊ မြေနီကုန်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်းနံပါတ် ၅၂၇၄၃၆၊ ၅၃၄၁၇၀၊ ၅၀၂၂၃၃တို့ကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *