News

Limited Edition အသွင်အဖြစ်ထွက်ရှိလာတဲ့ LG Optimus L7 II

ယခုအခါ LG ကုမ္ပဏီမှ နောက်ဆုံးထွက်ရှိလာတဲ ့ Limited Edition စမတ်ဖုန်းကို ပန်းပွင့်ပုံ cover ဒီဇိုင်းဖြင့် တရား၀င် ထုတ်လုပ် လိုက်ပြီဖြစ်သည်။ LG Optimus L7 IIကို ယခင်က အနက်ရောင် နှင့် အဖြူရောင်ထွက်ရှိခဲ့သည်။ ဖုန်း၏ အရှေ့နှင့်အနောက်တွင် ပန်းပွင့်ပုံ ဒီဇိုင်းပါရှိပြီး တပ်မက်ဖွယ်ကောင်းသော အသွင်နှင့်၀င်ရောက် လာသော စမတ်ဖုန်းအမျိုးအစားဖြစ်သည်။

မျက်နှာပြင်အကျယ်အ၀န်း ၄.၃ လက်မ LCD display ပါရှိပြီး WVGA Resolution နှင့် 1GHz Dual-Core Qualcomm Snapdragon S4 Processor, 8 Megapixel ကင်မရာနှင့် 4GB Inbuilt Memory ပါ၀င်ပြီး Android 4.1.2 Jelly Bean အမျိုးအစားကို အသုံးပြုထားကာ 2460mAh ဘက်ထရီကို တပ်ဆင်အသုံးပြု ထားပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *