News

One Directionက “Best Song Ever”နဲ့ ဆုရပြီ

ကမ္ဘာကျော် တေးဂီတအဖွဲ့ဖြစ်တဲ့ One Directionအဖွဲ့ကတော့ MTV Video Music Awardရဲ့ Social Voting ကဏ္ဍမှာ Instagram, Twitterနဲ့ Vineက ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှု (၈.၆သန်း Vote)ရရှိပြီး နွေရာသီအတွက် အကောင်းဆုံး သီချင်းအဖြစ် သတ်မှတ်ခံလိုက် ရပြီဖြစ်ပါတယ်။

အဆိုပါ MTVဟာ မိုင်လီဆိုင်းရပ်စ်ရဲ့ “We Can’t Stop”, Draft Punk ft.Pharrellသီဆို ထားတဲ့ “Get Luck”, Calvin Harris ft.Ellie Gouldingသီဆို ထားတဲ့ “I Need Your Love”နဲ့ ဆီလီနာ ဂိုမက်စ်ရဲ့ “Come & Get It”စတဲ့ သီချင်းတွေကို ကျော်ဖြတ်ပြီး ဆုရခဲ့တာပဲ ဖြစ်ပါတယ်။

One Directionအဖွဲ့ရဲ့ အဆိုပါ MTVဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၂ရက်နေ့တည်းက ထွက်ရှိခဲ့တာ ဖြစ်ပြီး ၂၄နာရီ အတွင်းမှာတင် ကြည့်ရှုသူအများဆုံး ဖြစ်ခဲ့ပါတယ်။ လက်ရှိမှာတော့ အဆိုပါ MTVဟာ ကြည့်ရှုသူ ၈၃.၄သန်း ရှိနေပြီး မြန်မာအိုင်စီတီ ပရိသတ်ကြီးလည်း ခံစားကြည့်ရှုချင်တယ် ဆိုရင်တော့ YouTubeမှာ “One Direction- Best Song Ever”ဆိုပြီးရှာဖွေကာ ကြည့်ရှုနိုင်ပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *