News

LG Optimus G Pro Road Showပြုလုပ်မည်

မြန်မာနိုင်ငံသို့ နောက်ဆုံးရောက်ရှိ လာသည့်LG Optimus G Pro၏ Road Show Launching အခမ်းအနားကို စက်တင်ဘာ(၆) ရက်နေ့တွင် Junction Square၌ ပြုလုပ်မည် ဖြစ်ကြောင်း LG မှ သတင်းထုတ်ပြန်ထားသည်။ အဆိုပါLG Optimus G Pro Road Showတွင် LG Optimus G Pro ဖုန်း၏ စွမ်းဆောင်ချက်များကို ရှင်းလင်းတင်ပြသွားမည်ဖြစ်ပြီး မူရင်းဈေးနှုန်း ၆၂၉,၀၀၀မှ ၅၇၉,၀၀၀ အထိ ပထမဆုံး လာရောက် ၀ယ်ယူသည့် အယောက် ၂၀ ကို လျော့ချရောင်းချသွားမည်ဖြစ်သည်။ အခြားသော LGစမတ်ဖုန်း များကိုလည်း ဈေးနှုန်းလျော့ချပြီး ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါနေ့တွင် Asphalt 8 Gameပြိုင်ပွဲ နှင့် Facebook People Choiceပြိုင်ပွဲတို့အား ကျင်းပမည် ဖြစ်ပြီး စိတ်၀င်စားသူများအနေဖြင့် နံနက် ၁၀နာရီမှ စတင်ကာ ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။ ယင်း Asphalt Gameပြိုင်ပွဲတွင် ပထမဆုကို ငွေကျပ် ၁၉၀,၀၀၀တန် 24”LG LED TV ၊ ဒုတိယဆု အဖြစ် ငွေကျပ် ၉,၅၀၀၀ကျပ်တန်် LG optimus L3 handsetနှင့် တတိယဆုအဖြစ် ငွေကျပ် ၅၀,၀၀၀တန် LGအိတ်များကို ချီးမြှင့်ပေးသွားမည် ဖြစ်သည်။ ထို့နောက် တစ်နေ့တာ Facebook “Like”ပြိုင်ပွဲတွင် ပထမရရှိသူအား ငွေကျပ် ၁၇၀၀၀၀တန် Photo Printerအား ချီးမြှင့်ပေးသွားမည် ဖြစ်သည်။ အဆိုပါနေ့ Product Showအစီအစဉ်များ၊ အဆိုတော်များ၏ ဖျော်ဖြေတင်ဆက်မှုများ၊ လက်ဆောင်များ ရရှိမည့် Question and Answerအစီအစဉ်များ ပါ၀င်မည်ဖြစ်သည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *