Mobile

Samsungရဲ့ Galaxy Note IIIအကြောင်း

မနေ့က ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာ ကျင်းပတဲ့ IFA 2013ပွဲမှာ မိတ်ဆက်ပွဲထုတ် လိုက်တဲ့ Samsungရဲ့ Galaxy Note IIIစမတ်ဖုန်း အကြောင်း တင်ဆက်ပေးလိုက် ပါတယ်။ စက်တင်ဘာ ၂၅ရက်နေ့ ဆိုရင် တစ်ကမ္ဘာလုံးအနှံ တင်ပို့မယ်လို့ သိရပြီး Galaxy Mega, Note II, Galaxy Noteစတဲ့ ဖုန်းတွေနဲ့ ယှဉ်ရင် full HD(1920×1080)ရှိတဲ့ တစ်ခုတည်းသော မော်ဒယ်လည်း ဖြစ်ပါတယ်။ Featureအသစ်တွေ ပါ၀င်တဲ့ S Penလည်း ထည့်သွင်း ပေးထားပြီး Screenကို Hoverလုပ်နေတုန်း Stylus Buttonကို နှိပ်လိုက်ရင် S Penရဲ့ Spec: Menuကို ပေါ်လာစေမယ့် “Air Command”ဆိုတဲ့ Featureအသစ် ပါ၀င်လာပါတယ်။

Note IIIရဲ့ Window Caseပုံကို မြန်မာအိုင်စီတီ ပရိသတ်တွေ အတွက်ဖော်ပြ ပေးထားပါတယ်။ လက်ရှိသုံးနေကြတဲ့ ဖုန်းCoverတွေနဲ့ ကွဲပြားနေစေမှာ ဖြစ်ပြီး ထူးခြားကောင်းမွန်တဲ့ သားရေပုံစံCase တစ်ခုပဲ ဖြစ်ပါတယ်။ ထူးခြားချက်ကတော့ Note IIIနဲ့ တစ်ရက်တည်းမှာ ထွက်ရှိလာတဲ့ Samsungရဲ့ စမတ်နာရီ Galaxy Gearနဲ့ ချိတ်ဆက် အသုံးပြု နိုင်မယ့် Appတွေကိုလည်း Note IIIဖုန်းထဲမှာ သီးခြားFolderတစ်ခု အနေနဲ့ စီစဉ်ပေးထား တာကိုတွေ့ရှိရမှာ ဖြစ်ပါတယ်။

Window Case

Display

၅.၇လက်မအရွယ် မျက်နှာပြင်နဲ့ full HDရုပ်ထွက် (1920×1080 Pixels)ရှိတဲ့ Super AMOLED Capactive Touchscreenကို တပ်ဆင် အသုံးပြု ထားပါတယ်။ Multitouchစနစ်လည်း ပါ၀င်ပြီး Pixelသိပ်သည်းဆ 386 ppi(pixel per inch)မို့လို့ ရုပ်ထွက်ကတော့ တော်တော်ကောင်းမွန် နေမှာပဲ ဖြစ်ပါတယ်။

Connectivity

GSM, HSPDAနဲ့ 4G LTEစနစ်တွေ အထိပါ ချိတ်ဆက် အသုံးပြုနိုင်ပေမယ့် Micro-SIM Cardထည့်သွင်း ရမှာဖြစ်ပါတယ်။ Dataတွေ ကူးပြောင်းဖို့ GPRS, EDGEစနစ်တွေ သာမက Wi-Fiကိုလည်း 802.11 a/b/g/n/acစတဲ့ ဗားရှင်းတွေ အကုန်အသုံးပြု နိုင်မှာပါ။ Bluetooth 4.0, USB, microUSB 2.0, USB Hostနဲ့ Infrared Portစနစ်တွေ ပါ၀င်တဲ့အပြင် ဖုန်းချင်း ထိတွေ့လိုက်တာနဲ့ Dataတွေ ကူးပြောင်းစီးဆင်း သွားစေမယ့် NFC(Near Field Communication)စနစ်လည်း ပါ၀င်ပါတယ်။

Hardware & OS

လက်ရှိ နောက်ဆုံး အန်းဒရွိုက်ဗားရှင်းဖြစ်တဲ့ 4.3(Jelly Bean) မောင်းနှင်ထားပြီး Qualcomm Snapdragon 800 Chipsetတပ်ဆင် ထားပါတယ်။ CPUကလည်း (LTE Model)မှာ ဆိုရင် Quad-Core 2.3GHz Krait 400ရှိပြီး အခြားမော်ဒယ်တွေ မှာတော့ Quad-Core 1.9GHz Cortex-A15နဲ့ Quad-Core 1.3GHz Cortex-A7 စတဲ့ CPUတွေကို အသုံးပြုထားပါတယ်။ ဖုန်းရဲ့ ရုပ်ထွက်၊ အန်နီမေးရှင်းနဲ့ ဂရပ်ဖစ်တွေ အတွက် GPUကို Adreno 330အသုံးပြု ထားပေမယ့် ဒါဟာ LTE Modelအတွက်သာ ဖြစ်ပါတယ်။ ဖုန်းရဲ့ အာရုံခံ ကိရိယာတွေ အနေနဲ့လည်း Screenကို အလိုလျောက်လှည့် ပေးတဲ့ Accelerometer, ဖုန်းရဲ ့တိမ်းစောင်းမှုကို အသေးစိတ် တွက်ချက်ပေးမယ့် Gyro Sensor, ဖုန်းပြောချိန် Screenကို ပိတ်ထားပေးမယ့် Proximity Sensorနဲ့ တည်နေရာ ရပ်ညွှန်းထောင့်တွေကို တွက်ချက်ပေးမယ့် Compass Sensorတို့ ပါ၀င်တဲ့အပြင် ရာသီဥတု အခြေအနေ အတွက်လည်း Barometer, Temperature, Humidityစတဲ့ Sensorတွေပါ အတော်လေး ပြည့်ပြည့်စုံစုံ ထည့်သွင်းထားတာကြောင့် အထင်သေးလို့ မရတဲ့ အထူးအဆင့်မြင့် စမတ်ဖုန်း တစ်လုံးပဲ ဖြစ်ပါတယ်။

RAMကို 3GBတပ်ဆင် ထားပြီး ဖုန်းတွင်း မှတ်ဉာဏ်32GB/ 64GB Storage မော်ဒယ်နှစ်မျိုး ရှိပါတယ်။ မလုံလောက်သေးရင် microSD Cardကို 64GBအထိ ထပ်မံထည့်သွင်း နိုင်မှာလည်း ဖြစ်ပါတယ်။

Cap Buttons

Design, Body & Battery

အဖြူ၊ အနက်နဲ့ ပန်းရောင် ဆိုပြီး ၃မျိုး ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။ Note IIIဖုန်းရဲ့ ဒီဇိုင်းပုံစံကိုလည်း ဖော်ပြပေးထား ပါတယ်။ အသုံးပြု ထားတဲ့ Batteryကတော့ Li-ion 3200 mAHဖြစ် ပါတယ်။ အလေးချိန် ၁၆၈ဂရမ် ရှိပြီးတော့ S Penလည်း ထည့်သွင်း ပေးထားပါတယ်။

Camera

ဖုန်းရဲ့ အဓိက ကင်မရာဟာ 13MPအရည်အသွေး ရှိပြီး Resolution 4128×3096 Pixelsမို့လို့ ရုပ်ထွက် တော်တော် ကောင်းမွန်မှာ ဖြစ်တဲ့ ကင်မရာကို တပ်ဆင်ထားတာ ဖြစ်ပါတယ်။ ကင်မရာရဲ့ Featureတွေ အနေနဲ့လည်း Auto Foucs, LED Flash, Dual-Shot, Geo-Tagging, Touch Foucs, Face & Smile Detection, Image Stabilization, Panorama, HDRစတာတွေ သာမက HDဗီဒီယိုနဲ့ ဓာတ်ပုံတွေကို တစ်ချိန်တည်းမှာ ရိုက်ကူးနိုင်မယ့် Featureလည်း ထည့်သွင်း ပေးထားပါတယ်။ ရှေ့ကင်မရာက 2MPဖြစ် ပါတယ်။

Entertainment

Stereo FM Radioပါ၀င်တဲ့ အပြင် Media Formatတွေ တော်တော်များများကို လည်းဖွင့်နိုင်မှာ ဖြစ်ပါတယ်။ S Voiceအသုံးပြု နိုင်ပြီး Dropbox Storageကိုလည်း 50GBစာ အခမဲ့ အသုံးပြုခွင့် ရရှိမှာပါ။ မြန်မာပြည်ကိုတော့ မကြာမီ ရောက်ရှိလာမယ်လို့ ခန့်မှန်းရပြီး ဈေးနှုန်းအတိအကျကိုလည်း အဲဒီအခါမှ သိရှိနိုင်မှာ ဖြစ်ပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

2 thoughts on “Samsungရဲ့ Galaxy Note IIIအကြောင်း

  1. sai says:

    ရှေ့ကင်မရာက 5MP မဟုတ်ဘူးလား?

Leave a Reply

Your email address will not be published. Required fields are marked *