Mobile

LG Optimus F7

LG-Optimus-F7

LGက သူ့ရဲ့ Smart Phoneအသစ် LG Optimus F7ကို မကြာခင် ဈေးကွက်တင်တော့မယ်ဆိုတဲ့ အကြောင်းကို ဖေဖော်ဝါရီလအတွင်းက ကြေညာခဲ့ပါတယ်။ ဒါကြောင့် Smart Phone အသစ်တွေကိုမှ ရွေးချယ် ၀ယ်ယူ ချင်သူတွေအတွက် LG Optimus F7 အကြောင်းကို မိတ်ဆက် ပေးလိုက်ပါတယ်။

OS စွမ်းဆောင်ရည်
Operating Sys အမျိုးအစားက Android 4.1.2ဖြစ်ပြီး Processorက Dual Core Processorကို တပ်ဆင်ပေးထားပါတယ်။ Processor Speedက 1500MHz ဖြစ်လို့ Parallel Casingတွေအတွက် အရမ်းကို မြန်ဆန် သွက်လက်စေပါလိမ့်မယ်။ GSM အမျိုးအစား တယ်လီဖုန်း ဆက်သွယ်ရေး စနစ်မျိုးစုံကို သုံးစွဲနိုင်မှာဖြစ်ပြီး အခြား စနစ်တွေဖြစ်တဲ့ HSDPAနဲ့ LTE စနစ်တွေမှာပါ သုံးစွဲနိုင်မှာပါ။

Display
သူရဲ့ မျက််နှာပြင်အကျယ်က ၅.၁၉×၂.၆၉လက်မ ရှိမှာဖြစ်ပြီး Display Screenကတော့ ၄.၇လက်မ ရှိမှာပါ။ Resolutionက ၇၂၀×၁၂၈၀ Pixels ဖြစ်ပြီး Pixel Densityက 1လက်မချင်းစီအတွက် Resolution Density က 312dpi ဖြစ်တာမို့ ရုပ်ထွက်ပိုင်းကတော့ အကောင်းဆုံးပါပဲ။ ပြစ်ချက် ကြီးကြီးမားမား မဟုတ်ပေမယ့် Screen အမျိုးအစားက IPS LCD ဖြစ်တာ တစ်ခုကတော့ ပြောစရာ ဖြစ်နေပါတယ်။ LCD အမျိုးအစားဖြစ်တာကြောင့် စွမ်းအင်ကိုတော့ သိသိသာသာ ချေွတာပေးနိုင်မှာပါ။ Touchscreen စွမ်းဆောင်ရည်တွေအဖြစ် Capacitiveနဲ့ Multi-Touchတွေကို အသုံးပြု နိုင်မှာမို့ Messageတွေ ရိုက်တဲ့အခါ၊ ဒါမှမဟုတ် Internet အသုံးပြုပြီး၊ chattingတွေ ထိုင်တဲ့ အခါတွေမှာတော့ အဆင်ပြေ ကောင်းမွန် ပါလိမ့်မယ်။ ဒါ့အပြင် Light Sensor, Proximity Sensorတွေပါ ပါ၀င်တာကြောင့် LGရဲ့ နည်းပညာ ဆန်းသစ်မှုတွေကို ခံစား ထိတွေ့ နိုင်ပါလိမ့်မယ်။

ကင်မရာ
ကင်မရာ အပိုင်းမှာတော့ 8 Megapixels အထိအောင် ဆွဲယူ ရိုက်ကူးနိုင်မှာမို့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို အကောင်းဆုံး မှတ်တမ်းတင်နိုင်ပါလိမ့်မယ်။ ကင်မရာ Flashက LED အမျိုးအစား ဖြစ်ပြီး Auto Focus, Digital Zoomနဲ့ Geo Taggingတွေ လုပ်နိုင်မှာပါ။ ရှေ့ဘက် ကင်မရာလည်း ပါ၀င်မှာဖြစ်ပြီး 1.3 Megapixel ရှိပါတယ်။

General Feature
Battery Lifeက 2540 mAh Capacity ရှိမှာဖြစ်ပြီး၊ Sys Memoryအဖြစ်နဲ့က 2048 MB RAM ပါ၀င်ပြီး Built-in Storageက 8 GBတောင် ရှိမှာပါ။ Expansion Storage အနေနဲ့က MicroSD နဲ့ MicroSDHC Cardအမျိုးအစားတွေကို 32 GB အထိ တိုးမြှင့် သုံးစွဲနိုင်ပါတယ်။ Internet Accessအပိုင်းမှာ Browser, You Tube, You Tube (Upload)နဲ့ Picasaတွေကို သုံးစွဲနိုင်မှာပါလိမ့်မယ်။ Speakerကတော့ Earpieceနဲ့ Loudspeakerတွေ ရရှိမှာပါ။ နည်းပညာ ဆန်းသစ်မှု အနေနဲ့ GPS, A-GPSစတဲ့ စနစ်တွေကို အခြေခံပြီး တည်နေရာတွေ ကောင်းစွာ မှတ်သား သိရှိနိုင် ပါလိမ့်မယ်။ Data အပိုင်းမှာ LTE, HSPA (Unspecified), UMTS, EDGEနဲ့ GPRSစတဲ့ စနစ်တွေကိုသုံးပြီး အမျိုးအစားတွေ ခွဲခြား သုံးစွဲနိုင်ပါလိမ့်မယ်။ ဈေးနှုန်းကိုတော့ သတ်မှတ်ကြေညာထားခြင်း မရှိသေးပေမယ့် သင့်တော်တဲ့ ဈေးနှုန်းနဲ့သာ ရောင်းချသွားမယ်လို့တော့ LGက ထုတ်ပြန်ထားပါတယ်။

author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *