Mobile

msi GX 601AC-021US (Gaming)

msi-GX-601AC-021US

အားသာချက်
Laptop Performance ကောင်းမွန်ပြီး Graphics ပိုင်းမှာလည်း 3D Gamesတွေကို ကောင်းကောင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ရုပ်ထွက် ကောင်းမွန်မှု အတွက် Display Resolutionပိုင်းကိုလည်း 1920×1080 အထိ ရရှိမှာ ဖြစ်ပါတယ်။

အားနည်းချက်
Laptopမှာ တပ်ဆင်ပေးထားတဲ့ Keyboardပိုင်း ညံ့တာတွေ့ရပြီး Battery သက်တမ်းလည်း နည်းတာတွေ့ရပါတယ်။ Touch Screen Featureလည်း ပါရှိတာ မတွေ့ရပါဘူး။

သုံးသပ်ချက်
တန်းဖိုး သက်သက်သာသာနဲ့ Gmaming Laptop တစ်လုံး ဝယ်ယူမယ်ဆိုရင်တော့ ရွေးချယ်သင့်တဲ့ Laptop တစ်လုံး ဖြစ်ပါတယ်။ 3D Game ကစားခြင်းနဲ့ ဖျော်ဖြေရေးအတွက် Performance ကောင်းကောင်းနဲ့ ပေးစွမ်းနိုင်မှာဖြစ်ပြီး Screen Resolutionလည်း မြင့်မြင့်မားမား ရရှိမှာဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်
Gaming Laptop အမျိုးအစားဖြစ်ပြီး AMD AM70 FCH Chipsetကို အသုံးပြု ပေးထားပါတယ်။ Laptopရဲ့ Processorပိုင်းကိုတော့ 2.3 GHz အမြန်နှုန်း ရှိတဲ့ AMD A10-4600M တပ်ဆင် အသုံးပြု ပေးထားတာ တွေ့ရပါတယ်။ Memoryပိုင်းမှာဆိုရင်လည်း RAM ပမာဏကိုလည်း 1600 GHz Speedနဲ့ DDR3 4GB နှစ်ချောင်း စုစုပေါင်း 8 GB ထည့်သွင်း ပေးထားပြီး Graphics ပိုင်းကိုတော့ AMD Radeon HD 7970m 2GB GDDR5ကို ထည့်သွင်း အသုံးပြုပေးထားတဲ့အတွက် နောက်ဆုံးထွက် Gaming တော်တော်များများကို ကစားနိုင်မှာဖြစ်ပြီး 3D Gaming တွေကိုပါ ကောင်းကောင်း Run နိုင်မှာ ဖြစ်ပါတယ်။ Operation System အတွက်ဆိုရင်တော့ Microsoft Windows 8 Multi-language (EN+FR+SP)ကို အသုံးပြုပေးထားပါတယ်။ Data သိမ်းဆည်းဖို့ အတွက်ဆိုရင်တော့ 7200 rpm လည်ပတ်နှုန်းရှိတဲ့ 750 GB Hard Drive တစ်လုံး တပ်ဆင် ပေးထားတဲ့အတွက် Data သိမ်းဆည်းမှု အတွက် လုံလုံလောက်လောက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Laptopမှာ တပ်ဆင် ပေးထားတဲ့ Optical Driveကတော့ Blue-ray Disc Driveကို တပ်ဆင် ပေးထားပြီး HD Moviesတွေ၊ Blue-ray ရုပ်ရှင်တွေကို အကောင်းဆုံး ဖျော်ဖြေ တင်ဆက်ပေးနိုင်မှာ ဖြစ်ပါတယ်။ Built-in Webcam ပါရှိပြီး 720P HD Webcam အမျိုးအစားကို တပ်ဆင် ပေးထားပါတယ်။ Laptopရဲ့ Audio စနစ်အတွက်ကတော့ Speaker နှစ်လုံးနဲ့ Subwoofer တစ်လုံး တပ်ဆင် ပေးထားပါတယ်။ Network ချိတ်ဆက်မှု အတွက်ကတော့ Gaming Network LAN AW-NB100H Wi-Fi (802.11 b/g/n)နဲ့ Bluetooth စနစ်တွေပါ တပ်ဆင် ပေးထားပါတယ်။ အခြား Devicesတွေနဲ့ တပ်ဆင်ဖို့အတွက် Portတွေကတော့ USB 2.0, 3.0, HDMI, Mini Display Port, VGA Portတွေ အပြင် 5 In-1 Card Reader တစ်ခုကိုပါ တပ်ဆင် ပေးထားပါတယ်။

Display & Design
Laptopရဲ့ Displayပိုင်းကိုတော့ 15.6 လက်မအကျယ် Full HD Display Panelကို အသုံးပြုပေးထားပြီး Resolution 1920 x 1080ထိ ရရှိမှာ ဖြစ်ပါတယ်။ အရောင်ကတော့ အနက်ရောင်ဖြစ်ပြီး ကိုယ်ထည် အတိုင်းအတာကတော့ အလျား 15 လက်မ၊ အနံ 10.27 လက်မနဲ့ အထူ ကတော့ 1.75 လက်မ ရှိပြီး Laptop တစ်လုံးရဲ့ အလေးချိန် 7.42ပေါင် ရှိပါတယ်။

Battery Life
Laptopမှာ တပ်ဆင်ပေးထားတဲ့ Battery အမျိုးအစားကတော့ 9 Cell Battery အမျိုးအစားကို အသုံးပြုပေးထားပါတယ်။ Game ကစားခြင်း Wi-Fi အသုံးပြုခြင်း အတွက်ကတော့ 3 နာရီ 51 မိနစ်အထိ တောက်လျှောက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *