Gadgets

သီချင်းချစ်သူများ ဖုန်းစပီကာ မနာစေဖို့ Boss Bluetooth Speaker

Doss-Bluetooth-Speaker

အိုင်တီ ဈေးကွက် အတွင်း ချစ်စရာ ဒီဇိုင်းမျိူးစုံနဲ့ စပီကာတွေ ပေါများ နေတဲ့အတွက် ရွေးချယ်ရ ခက်နေမယ်ဆိုလျင်် ဈေးကွက်ထဲ အသစ် ရောက်လာတဲ့ စပီကာလေး တစ်မျိုးနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ ဒီစပီကာကတော့ Doss တံဆိပ် Bluetooth Portable Speakerလေးပဲ ဖြစ်ပါတယ်။ ဒီစပီကာကို iPhone, iPod, Tablets စသည်ဖြင့် Bluetooth Function ပါ၀င်တဲ့ မည်သည့် ပစ္စည်းနဲ့မဆို တွဲဖက် အသုံးပြုနိုင်ပါတယ်။ စပီကာနဲ့ တွဲဖက်ပြီး သီချင်း နားထောင်ခြင်း ပြုလုပ်နိုင်ရုံ သာမက ဖုန်းပြောဆိုခြင်းကိုပါ ပြုလုပ်နိုင်တဲ့အတွက် ဇိမ်ခံကား တွေပေါ်မှာ အသုံးပြုလို့ သင့်တော်ပါတယ်။ Bluetoothနဲ့ ချိတ်ပြီး မသုံးချင်ဘူးဆိုရင်လည်း စပီကာရဲ့ ကိုယ်ထည်အတွင်းမှာ SD Memory ကဒ် ထည့်သွင်း အသုံးပြုနိုင်သည့်အတွက် ဖုန်းမရှိသူများအတွက်ပါ အသုံးပြုလို့ ရစေပါတယ်။ စပီကာရဲ့ ကိုယ်ထည် အပြင်ဘက်ကို Silicon ကာဗာ တပ်ဆင်ထားတဲ့အတွက် မတော်တဆ ပြုတ်ကျတာခဲ့လျင််လည်း တော်ရုံနဲ့ ကွဲအက်ခြင်းမျိုး ဖြစ်စေမှာ မဟုတ်ပါဘူး။ ဖုန်းအားသွင်းကြိုး ပါရှိပြီး တစ်နာရီ အားသွင်းထားရင် မရပ်မနား ၅နာရီလောက် အသုံးခံစေမှာ ဖြစ်ပါတယ်။ ယိုးဒယားထုတ် ပစ္စည်းဖြစ်ပြီး အရွယ်အစား သေးငယ်စွာနဲ့ ချစ်စရာ ကောင်းတဲ့ ပုံစံရှိပါတယ်။ ဈေးနှုန်း ၈သောင်းခွဲ ၀န်းကျင် ရှိပြီး ကိုဘီနိုးဂိမ်းဆိုင်၊ ဖုန်း – ၀၁-၂၅၆-၄၁၇တွင် မေးမြန်း ၀ယ်ယူနိုင်ပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *