News

MCPAနှစ်ပတ်လည် အခမ်းအနားနှင့် Memberများ ဦးဆောင်ဆွေးနွေးမည့် Workshopကျင်းပမည်

MCPA ၏ ၂၀၁၂-၂၀၁၃ခုနှစ်အတွက် နှစ်ပတ်လည် အခမ်းအနား အထိမ်းအမှတ်အဖြစ် အသင်းသားစုံ ညီတွေ့ဆုံပွဲကို ယခင်နှစ်များနှင့်မတူ တမူထူးခြားစွာ ၂၀၁၃ ခုနှစ် စက်တင်ဘာ (၂၂) ရက်နေ့တွင် နံနက် ၉နာရီမှ စ၍ ညနေ ၅နာရီအထိ ကျင်းပမည်ဖြစ်ပါသည်။

ပထမပိုင်း အခမ်းအနားအစီအစဉ်

ပထမပိုင်း အစီအစဉ်တွင် ပုံမှန်အစီအစဉ် များဖြစ်သည့် MCPA NA စာမေးပွဲအောင်လက်မှတ်များ ချီးမြှင့်ပေးခြင်း၊ Key Contributor များနှင့် Fellow Member များကို ဂုဏ်ပြုလက်မှတ်ပေးအပ်ခြင်း၊ ဥက္ကဋ္ဌဦးရဲရင့်ဝင်းမှ အဖွင့်အမှာစကားပြောကြားခြင်း၊ အလုပ်အမှုဆောင်အဖွဲ့၏ အစီရင်ခံစာ တင်သွင်းခြင်း၊ ဘဏ္ဍာရေးရှင်းတမ်း ဖတ်ကြားတင်သွင်းခြင်းတို့ ပါဝင်မည် ဖြစ်ပါသည်။ Keynote Speech ကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း နာယက ဦးသောင်းတင်မှ တက်ရောက် ပြောကြားပါမည်။ အစီအစဉ် အသစ်အနေဖြင့် ဒုတိယဥက္ကဋ္ဌ (၂) ဦး ဖြစ်သည့် ဦးငြိမ်းဦး နှင့် ဦးထွန်းခိုင်တို့က စင်မြင့်ပေါ်မှနေ၍ အသင်း၏ အလုပ်အမှုဆောင်များနှင့် ပူးပေါင်းကာ အသင်း၏ လှုပ်ရှားမှုများ၊ အနာဂတ် စီမံချက်များအပေါ် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြမည်ဖြစ်ပါသည်။

ဒုတိယပိုင်း – “Workshop on Creating a Member-Centric Professionals Society”

အသင်းအနေဖြင့် အသင်းသားများအား အသင်း၏ ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များတွင် ဦးဆောင်ပါဝင် စေသည့်ဆန္ဒအမြဲရှိပါသည်။ ယခုနှစ်တွင် အသင်း၏ Strategic Action Plan ကို အကောင်အထည်ဖော်မည့် ပုံစံကို အသင်းသားများမှ ဦးဆောင်ဆွေးနွေးသည့် workshop ပုံစံဖြင့် အသင်းသားများမှ ပွင့်လင်းပါဝင် ဆွေးနွေးနိုင်ရန် ကျင်းပသွားမည် ဖြစ်ပါသည်။

အလုပ်ရုံဆွေးနွေးပွဲ ပီပြင်စေရန်အတွက် ဒေါက်တာအောင်ထွန်းသက်မှ Keynote Speech ပေး၍ ဖွင့်လှစ်ပြီးလျှင် ဆရာကြီးမှ အလုပ်ရုံဆွေးနွေးပွဲကို ဦးဆောင်၍ ကြီးကြပ်ပေးသွားမည် ဖြစ်ပါသည်။ တက်ရောက်လာသော အသင်းဝင်များမှ အုပ်စုများဖွဲ့ပြီး MCPA Strategic Action Plan အကောင်အထည် ဖော်ရေးကို ဆွေးနွေးကြမည် ဖြစ်ပါသည်။ ၎င်း Member များ၏ ဆွေးနွေးချက်များကို Member များသို့ Group Presentation ပြသမည်ဖြစ်ပါသည်။ Member များမှ အသင်းကို ဖြစ်စေလိုသည်များကို ပွင့်လင်းစွာ ဆွေးနွေး ဖလှယ် ကြမည်ဖြစ်ပါသည်။ ထို့နောက် အကောင်အထည်ဖော်ရန်အတွက် အသင်းဝင်များဖြင့် working committee များ ဖွဲ့စည်းကြမည် ဖြစ်သည်။

တက်ရောက်သူ အသင်းဝင်များအတွက် လက်ဆောင်များနှင့် ကံစမ်းမဲအစီအစဉ်

ထိုတွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်သော အသင်းဝင်များအား Door Gift များပေးခြင်း၊ MCIA အသင်းဝင် ကုမ္ပဏီများထံမှ Discount coupon များပေးခြင်း၊ ခန်းမရှေ့တွင် Discount Corner ဖွင့်လှစ်၍ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းဆိုင်များမှ Accessories များအား Special MCPA Member-only Discount ဖြင့် ရောင်းချပေးခြင်း၊ နေ့လည်စာဖြင့် ဧည့်ခံကျေွးမွေးခြင်းများ ပါဝင်မည် ဖြစ်ပါသည်။

အခမ်းအနား၏ နောက်ဆုံး အစီအစဉ် အဖြစ် အသင်းဝင်များ၏ ပါဝင်ကူညီမှုကို ကျေးဇူးတုန့်ပြန်သောအားဖြင့် IT ပစ္စည်းများကို ကံစမ်းမဲ ဖောက်ပေးမည့် အစီအစဉ်ကို ထည့်ပြီး မဲဖောက်၍ ပစ္စည်းများကို ချက်ချင်းပေးမည် ဖြစ်ပါသည်။ ကံစမ်းမဲ အစီအစဉ်တွင် ပါဝင်ရန်အတွက် အသင်းဝင်ကဒ်ပြား နှင့် မှတ်ပုံတင် ယူဆောင်လာပေးကြပါရန် မေတ္တာရပ်ခံပါသည်။

အသေးစိတ် စုံစမ်းရန် – မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံး၊ အဆောင်(၄) အခန်း(၄)၊ Myanmar ICT Park ၊ လှိုင်တက္ကသိုလ်များနယ်မြေ ၊ ဖုန်း ၀၁-၆၅၂၂၇၆ | www.mcpamyanmar.org | facebook.com/mcpamyanmar.org

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *