News

ကမ္ဘာ တစ်၀န်းရောဂါဖြစ်ပွားနိုင်မှုနှုန်းတွင် ကူးစက်မဟုတ်သောရောဂါများ ၆၀ရာခိုင်နှုန်းပါ၀င်

၂၀၂၀ ပြည့်နှစ်အတွက်ကမ္ဘာတစ်၀န်းတွင် မျှော်မှန်းထားသော ရောဂါဖြစ်ပွားနိုင်မှုနှုန်း၌ ကူးစက်မဟုတ်သော ရောဂါများ ၆၀ရာနှုန်းပါ၀င်နေကြောင်း ကျန်းမာရေးဦးစီးဌာန ဆေးတက္ကသိုလ် (၂) ပါမောက္ခချုပ် ဒေါက်တာတင့်ဆွေလတ်က နို၀င်ဘာ၁ရက်က ရွှေတိဂုံဘုရားလမ်းအမျိုးသားသွေးဌာန၌ ကျင်းပသော နှလုံးရောဂါဆိုင်ရာ သိကောင်းစရာ ဟောပြောပွဲတွင်ပြောကြားခဲ့သည် ဟုသိရသည်။

“၂၀၂၀ ပြည့်နှစ်အတွက် ကမ္ဘာတစ်၀န်းမှာ မျှော်မှန်းထားတဲ့ ရောဂါဖြစ်ပွားနိုင်မှုနှုန်းမှာ ကူးစက်မဟုတ်တဲ့ ရောဂါ ၆၀ ရာခိုင်နှုန်းပါ၀င်နေပါတယ် “ ဟုဒေါက်တာတင့်ဆွေလတ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ရောဂါဖြစ်ပွားနိုင်မှုနှုန်းများတွင်ကူးစက်ရောဂါများ၊ မိခင်နှင့်ကလေးရောဂါများ ၂၀ရာခိုင်နှုန်း၊ ထိခိုက်ဒဏ်ရာရခြင်း ၂၀ရာခိုင်နှုန်းနှင့် ကူးစက်မဟုတ်သော ရောဂါ ၆၀ရာခိုင်နှုန်း ပါ၀င်နေကြောင်း ၄င်းကဖြည့်စွက်ပြောကြားခဲ့သည်။

ကူးစက်မဟုတ်သောရောဂါသည် လူတစ်ဦးမှတစ်ဦးသို့ရောဂါကူးစက်ခြင်း ကြောင့်မဟုတ်ပဲ ကျန်းမာရေးနှင့် မညီညွတ်သော လူမှုဘ၀နေထိုင်စားသောက်မှုများကို မလွှဲမရှောင်သာ ကြာရှည်စွာထိတွေ့နေရခြင်းကြောင့် ဖြစ်ပေါ်လာသော ရောဂါအစုအေ၀းကို ကူးစက်မဟုတ်သော ရောဂါများဟုခေါ်ဆိုကြောင်း သိရသည်။

ကျန်းမာရေးနှင့်မညီညွတ်သော နေထိုင်စားသောက်ခြင်းကြောင့် မကူးစက်နိုင်သော နာတာရှည်ရောဂါများဖြစ် ပွားနိုင်ပြီး နှလုံးသွေးကြောကျဉ်းရောဂါ၊ ကင်ဆာရောဂါ၊ဆီးချိုသွေးချိုရောဂါ၊နာတာရှည် အသက်ရှုလမ်းကြောင်း ဆိုင်ရာ ရောဂါများဖြစ်ပွားနိုင်ကြောင်း သိရသည်။

ထိုကဲ့သို့ ကူးစက်မဟုတ်သောရောဂါများဖြစ်ပွားရခြင်းသည် နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေးဓလေ့ထုံးစံ၊ ပတ်၀န်း ကျင်ဆိုင်ရာအကြောင်းအရာများ၊ ကမ္ဘာ့ရွာဖြစ်လာခြင်း၊ မြိုပြယဉ်ကျေးမှု ထုံးစံများပြားခြင်း၊ စက်မှုကုန်ထုတ်လုပ် ငန်းများပြားလာခြင်း ကျန်းမာရေးနှင့် မညီညွတ်သောအစားအစာများစားသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှား မှုနည်းခြင်း၊ ဆေးလိပ်သောက်ခြင်းတို့ကြောင့် ဖြစ်သည်ဟုဆိုသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *