လူသုံးကုန် အီလက်ထရောနစ် ပစ္စည်းများထုတ်လုပ်နေတဲ့ LG က L အမျိုးအစား Android စမတ်ဖုန်းများကို ဒီလကုန်မှာ ပြုလုပ်မယ့် Mobile World Conference မှာ ထုတ်ဖော်ပြသဖို့ စီစဉ်နေပါတယ်။ စွမ်းဆောင်ရည် အလယ်အလတ်အဆင့်ရှိတဲ့ အဆိုပါ စမတ်ဖုန်းများမှာ 1.2GHz Dual-Core Processors တပ်ဆင်ထားပြီး Android 4.4 KitKat ဖြင့် မောင်းနှင်လည်ပတ်မှာ ဖြစ်ကြောင်း LG က စနေနေ့ မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အဆိုပါ စမတ်ဖုန်း (၃) မျိုးစလုံးမှာ သတ္တုကိုယ်ထည်များ တပ်ဆင်ထားပြီး ရောင်စုံ Quick Window Cases ပါရှိပါတယ်။ Quick Window Case တပ်ဆင်ထားရင် ဖုန်းမျက်နှာပြင်ပေါ်က အချိန်နဲ့ နေ့စွဲကို Case ဖွင့်စရာ မလိုပဲ မြင်နိုင်ပါတယ်။
L90 တွင် ၄.၇ လက်မ Display နဲ့ 960×540 Pixel Resolution တပ်ဆင်ထားပါတယ်။ 1GB of RAM, 8GB Memory Storage ပါရှိပါတယ်။ အနောက်ဘက်တွင် 8-Megapixel Camera နဲ့ မျက်နှာချင်းဆိုင်တွင် 1.3-Megapixel Camera တပ်ဆင်ထား ပါတယ်။ ဘက်ထရီကတော့ 2,540mAh တပ်ဆင်ထားပါတယ်။ L70 ရဲ့ Features တွေကတော့ 4.5 လက်မ 800×400-pixel Display တပ်ဆင်ထားပါတယ်။ 5-Megapixel Camera သို့မဟုတ် 8-Megapixel Camera ကြိုက်နှစ်သက်ရာ ရွေးချယ် ၀ယ်ယူနိုင်ပါတယ်။ 1GB RAM, 4GB Internal Storage, 2,100mAh Battery တပ်ဆင်ထားပါတယ်။ L40 တွင် 3.5 လက်မ, 480×320-Pixel Display နဲ 3-Megapixel Camera တပ်ဆင်ထားပါတယ်။ 512MB RAM, 4GB Internal Storage ပါရှိ ပါတယ်။ 1,540 mAh ဒါမှမဟုတ် 1,700mAh Battery ကို ရွေးချယ် ၀ယ်ယူနိုင်ပါတယ်။
LG က ရောင်းချမယ့်စျေးနှုန်းနဲ့ ဘယ် Carrier နဲ့ ပူးပေါင်းမယ် ဆိုတာကို်တော့ ပြောကြားခြင်း မရှိသေးပါဘူး။ ဒါပေမယ့် အသေးစိတ်အချက်အလက်တွေကို ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် ဘာစီလိုနာ၌ ကျင်းပပြုလုပ်မယ့် Mobile World Congress တွင် သိရှိရမယ်လို့ မျှော်လင့်ရပါတယ်။
သတင်းတွေ ပို့ပေးချင်ရင် ဘယ်ကို ပို့ပေးရမလဲခင်ဗျ
သတင်းတွေ ပို့ပေးချင်ရင် ဘယ်ကို ပို့ပေးရမလဲခင်ဗျ
သတင်းပေးပို့ချင်ရင်တော့ [email protected] သို့ပေးပို့နိုင်သလို http://www./contact/ သို့ Contact Form ဖြည့်ပြီးတော့လည်းပေးပို့နိုင်ပါတယ်။ မြန်မာအိုင်စီတီရုံးချုပ်သို့လည်း လူကိုယ်တိုင်လာရောက် သတင်းပေးပို့နိုင်ပါတယ်။ မြန်မာအိုင်စီတီရုံးချုပ်လိပ်စာကတော့ 58B, Myanma Gon Yaung Housing, Than Thu Mar Road, Tamwe Township, Yangon, 11211, Myanmar. Phone(+95) 949-221-010.