Education

Nanyang Institute of Management (NIM) တွင် တက်ရောက်လိုသူ ကျောင်းသူ၊ ကျောင်းသားတို့ အတွက် One to One Counselling ကို Feb (28) တွင် STUDY ABROAD ရုံးခန်း၌ ကျင်းပ ပေးသွားမည်။

စင်ကာပူနိုင်ငံရှိ Nanyang Institute of Management ကျောင်းနှင့် ပတ်သက်ပြီး သိကောင်းစရာများကို ကျောင်းတာဝန်ခံကိုယ်တိုင် လာရောက်ပြီး STUDY ABROAD Information Centre ရုံးခန်းတွင် ကျင်းပပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါ ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ (၂၈) ရက်နေ့ နေ့လည် (၁) နာရီမှ (၃) နာရီ အထိ STUDY ABROAD ဒိုင်းမွန်းရုံးခန်းတွင် ကျင်းပ ပေးသွားမည်ဖြစ်သည်။

NIM မှာ စင်ကာပူနိုင်ငံ အစိုးရအသိအမှတ်ပြု Edu-Trust (4) yr ရရှိထားပြီး စင်ကာပူနိုင်ငံတွင် Engineering ဘာသာရပ် သင်ကြားရာတွင် အောင်မြင်မှု များရရှိနေသော ကျောင်းတစ်ကျောင်း ဖြစ်ပါသည်။ စင်ကာပူနိုင်ငံတွင် အသုံးပြုနေသည့် နောက်ဆုံးပေါ် ဆောက်လုပ်ရေးနည်းပညာ များသာမက စီမံခန့်ခွဲမှုနည်းပညာများကို သင်ကြားတတ်မြောက်နိုင်ရန်နှင့် ပြည်တွင်း ပြည်ပ အလုပ်အကိုင် အခွင့်အလမ်းများစွာ ကောင်းမွန်စေနိုင်ရန်အတွက် (NIM ) ၏ Diploma in Construction Engineering ကို တက်ရောက်နိုင်မည် ဖြစ်ပါသည်။ (NIM) ၏ Diploma In Construction Engineering ပြီးမြောက်အောင်မြင်သူများသည် စင်ကာပူနိုင်ငံ အင်ဂျင်နီယာ အသင်းဖြစ်သော Singapore Institute of Engineering Technologists (SIET) မှ Level III Certificate ကိုပါ ရရှိမည် ဖြစ်ပါသည်။ Diploma in Construction Engineering လျှောက်ထားလိုသော AGTI, B-Tech, BE (Civil) ကျောင်းသူ၊ ကျောင်းသားများအတွက် ဘာသာရပ် အထူး ကင်းလွတ်ခွင့်များ လျှောက်ထားနိုင်ခွင့်များကိုလည်း သိရှိနိုင်မည် ဖြစ်ပါသည်။

Tourism & Hospitality ဘာသာရပ်များအနေနှင့် Diploma တက်ရောက်နိုင်သလို Bachelor of Hospilality (Management)ဘွဲ့ကို ရယူနိုင်မည် ဖြစ်ပါသည်။Postgraduate Diploma အနေနှင့် Tourism & Hospitality Management ဘာသာရပ်ကို တက်ရောက်နိုင်မည် ဖြစ်ပါသည်။အဆိုပါ Postgraduate တွင် ဟိုတယ်နှင့် ခရီးသွား ဝန်ဆောင်မှု၊ စီမံခန့်ခွဲမှု ပညာရပ်များသာမက မိမိကိုယ်တိုင် ခရီးသွားလုပ်ငန်းများ၊ ဟိုတယ် လုပ်ငန်းများ စတင်လုပ်ဆောင်ရာတွင် အသုံးပြုရသည့် ဘာသာရပ်များကိုလည်း သင်ကြားရမည် ဖြစ်ပါသည်။ ခေတ်မှီတိုးတက်သော နည်းပညာများ၊နိုင်ငံတကာအဆင့်မှီ ဘာသာရပ်ဆိုင်ရာ သင်ခန်းစာများကို လုပ်ငန်းခွင် အတွေ့အကြုံ များစွာရှိသော ဆရာ၊ဆရာမများ ကိုယ်တိုင် သင်ကြားပို့ချပေးမည် ဖြစ်သည့်အပြင် စာတွေ့(၆)လ၊ လက်တွေ့(၆)လ၊ လုပ်ငန်းခွင် အတွေ့အကြုံများကို နိုင်ငံတကာ အဆင့်မှီ ဟိုတယ်များ ၊စားသောက်ဆိုင်များ နှင့် ခရီးသွားဝန်ဆောင်မှုကုမ္ပဏီများတွင် ဝင်ရောက်လုပ်ကိုင်ကာ လုပ်ငန်းအတွေ့အကြုံ ရယူနိုင်မည် ဖြစ်ပါသည်။

NIM တွင် Engineering နှင့် Tourism & Hospitality ဘာသာရပ်များ အပြင် Business ဘာသာရပ်ကိုလည်း ရွေးချယ်တက်ရောက်နိုင်မည် ဖြစ်ပါသည်။ စိတ်ပါဝင်စားသူ ကျောင်းသူ၊ ကျောင်းသားတို့ အနေနှင့် အသေးစိတ် စုံစမ်းသိရှိလိုသည်များရှိပါက STUDY ABROAD Information Centre – တိုက်(အေ)၊ (၁၁)လွှာ၊ အခန်းအမှတ်(၁၁၀၃)၊ ဒိုင်းမွန်းကွန်ဒို၊(မေတ္တာဦးဆေးခန်း အနီး)၊ပြည်လမ်း၊ကမာရွတ်မြို့နယ်၊ရန်ကုန်မြို့၊ဖုန်း-ဝ၉ ၅၁၅၁ ဝ၀၈ ၊ဝ၉ ၂၄ ၂၄ ဝ၄ သို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပြီ ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *