News

KMD Sales Centre အားလုံးတွင်4 DAYS SPECIAL SALES ပြုလုပ်မည်

KMD Sales Centre မှ Computer, Mobile နှင့် ဆက်စပ်ပစ္စည်းများကို အထူးလျှော့ဈေးဖြင့် ရောင်းချပေးမည့် အစီအစဉ်များကို လစဉ်၊ အပတ်စဉ်တိုင်း ပြုလုပ်ပေးလျက်ရှိရာ ယခုလတွင်လည်း KMD Sales Centre အားလုံးတွင် (ဇူလိုင်လ ၁၉၊ ၂၀၁၃) နေ့မှစတင်ပြီး (ဇူလိုင်လ ၂၂၊ ၂၀၁၃) နေ့အထိ ၄ ရက်ကြာ ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။အဆိုပါအထူးလျှော့ဈေးအစီအစဉ်များကို KMD စင်တာခွဲများဖြစ်သော (ပန်းဆိုးတန်း)၊ (မြေနီကုန်း)၊ (တာမွေ)၊ (လမ်းမတော်) တို့တွင်လည်း ဝယ်ယူနိုင် မည်ဖြစ်သည်။

ဇူလိုင်လ အထူးလျှော့ဈေးအစီအစဉ်များတွင် မည်သည့်အမှတ်တံဆိပ် ဖြစ်စေ Notebook ကွန်ပျူတာဖြစ်စေ၊ Desktop ကွန်ပျူတာဖြစ်စေ၊ တစ်လုံး ဝယ်ယူတိုင်း ငွေတစ်သောင်းကျပ် လျှော့ပေးမည်ဖြစ်ပြီး၊ လက်ဆောင်များစွာကိုလည်း ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် Antivirus Software တစ်ခုဖြစ်သော Kaspersky Antivirus ကို Notebook, Desktop နှင့် တွဲဖက်ဝယ်ယူပါက ငွေ (၅ဝဝဝ)ကျပ်ဖြင့် ရောင်းချပေးမည်ဖြစ်သည်။KMD Mobile centre တွင်လည်း HTC ဖုန်း၀ယ်ယူသူများအတွက် GiftPackage အစီအစဉ်များ ပြုလုပ်သွားမည်ဖြစ်ရာ microSD 8GB, Screen Cover နှင့် ဝယ်ယူသော HTC ဖုန်းအလိုက် Brand Case စသည့် လက်ဆောင်ပစ္စည်းများကို ရရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။

KMD Sales Centre ၏ အထူးဈေးရောင်းပွဲ အစီအစဉ်များနှင့်ပတ်သက်၍ အသေးစိတ် သိရှိလိုပါက KMD(ပန်းဆိုးတန်း)- ၂၄၅၁၈ဝ၊ ၃၈၅၁၇၇၊ ၃၈၅၈၇၇၊ ၃၈၅ဝ၇၇ ၊ KMD (မြေနီကုန်း)-၅ဝ၃၅၁၁၊ ၅ဝ၃၅၂၂၊ KMD(လမ်းမတော်)-ဝ၁-၂၃ဝ၃ဝ၈၁၊ ၂၃ဝ၃ဝ၈၂၊ KMD(တာမွေ)-၅၄၆၆ဝဝ၊ ဝ၉ ၃၁၂၅၇၄၄၆ သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *