News

ထိုင်းနိုင်ငံ Nation Multimedia Group၏ ၄၃နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား ပြုလုပ်မည်

Nation Multimedia Group

ထိုင်းနိုင်ငံ၊ Nation Multimedia Group၏ ၄၃နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် Asia Driving the world (ကမ္ဘာကို ပဲ့ကိုင် မောင်းနှင်နေသော အာရှ) ခေါင်းစဉ်ဖြင့် နိုင်ငံတကာ ဆွေးနွေးပွဲကို ဇူလိုင်လ ၁၉ရက်နေ့တွင် ဘန်ကောက်မြို့၌ ကျင်းပပြုလုပ်မည်ဖြစ်ရာ အာရှတိုက် ၁၂နိုင်ငံမှ အမှုဆောင် အရာရှိချုပ်များက အာရှဒေသ၏ အနာဂတ်နှင့်ပတ်သက်သည့် မိမိတို့၏ အမြင်များနှင့် ရေရှည် ဖံွ့ဖြိုးမှု ဖြစ်စေမည့် စီးပွားရေး ပုံစံများကို အာရှကုမ္ပဏီများက မည်ကဲ့သို့ ဖော်ဆောင်နိုင်မည်ဆိုသည်ကို ဟောပြောကြမည် ဖြစ်ပြီး နိုင်ငံတကာမှ စီးပွားရေး ခေါင်းဆောင်များနှင့် ဖိတ်ကြားထားသူ ၄၀၀ခန့် တက်ရောက်မည် ဖြစ်ကာ ဆွေးနွေးပွဲကို ဘန်ကောက်မြို့ Plaza Athenee ဟိုတယ်တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲကို Bangkok Bank၊ Toyota၊ Holcimနှင့် Thai Airways Internationalတို့က နိုင်ငံပေါင်း ၁၉နိုင်ငံမှ သတင်းမီဒီယာ ၂၂ခုတို့ဖြင့် ပါဝင်ဖွဲ့စည်းထားသည့် Asia News Networkဖြင့် ပူးတွဲ ကျင်းပခြင်း ဖြစ်သည်။ Eleven Media Groupသည် ANN၏ ၂၂ခုမြောက် မီဒီယာ အဖွဲ့ဝင်ဖြစ်ပြီး မြန်မာနိုင်ငံမှ တစ်ခုတည်းသော အဖွဲ့ဝင် ဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲ၏ ညစာစားပွဲ အခမ်းအနားတွင် ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်ဟောင်းနှင့် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဖြစ်သူ Asian Peace and Reconciliation Council ဥက္ကဋ္ဌ ပါမောက္ခ ဆူရာကီရတ်ဆာသီရာ ထိုင်းက “အာရှ၏ အနာဂတ်” (The Future of Asia) ခေါင်းစဉ်ဖြင့် မိန့်ခွန်း ပြောကြားမည် ဖြစ်သည်။ အနာဂတ် စီးပွားရေး အကြောင်းအရာနှင့် ရေရှည်ဖံွ့ဖြိုးမှု အကြောင်းအရာတို့ဖြင့် နှစ်ပိုင်းခွဲ ကျင်းပမည် ဖြစ်သည်ဟု သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မိန့်ခွန်းပြောကြားမည့် အမှုဆောင်အရာရှိများကို Asia News Network အဖွဲ့ဝင် မီဒီယာများမှ အယ်ဒီတာများက ရွေးချယ်ရမည်ဖြစ်ပြီး ၎င်းတို့သည် မိမိတို့ နိုင်ငံအသီးသီးတွင် ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းများအား ထူးချွန်အောင်မြင်စွာ လုပ်ကိုင်နေကြသည့်အပြင် ဒေသတွင်း စီးပွားရေး လုပ်ကိုင်ရန် နည်းလမ်းသစ်များအား ဖန်တီးနိုင်သည့် လုပ်ငန်းရှင်များအနက်မှ ရွေးချယ်စာရင်းပေးခြင်း ဖြစ်ကာ မြန်မာနိုင်ငံမှ မက်စ်မြန်မာ ဥက္ကဋ္ဌ ဦးဇော်ဇော်လည်း တက်ရောက်မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း သိရသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *