News

“Python Fast Track Training Fundamental” သင်တန်း ဖွင့်လှစ်မည်

Programing

ရန်ကုန်တိုင်း ဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ Python Fast Track Training (Fundamentals) သင်တန်းတစ်ခုကို သြဂုတ်လ (၃)ရက်နေ့၌ စတင် ဖွင့်လှစ်သွားမည် ဖြစ်ပြီး သင်တန်းကာလမှာ စက်တင်ဘာ (၁)ရက်နေ့အထိ ဖြစ်ကြောင်း သိရသည်။ သင်တန်းတွင် ကွန်ပျူတာ ပရိုဂရမ်းမင်း ဘာသာရပ်ကို သင်ကြားပေးမည် ဖြစ်ပြီး ၎င်းဘာသာရပ်ကို စတင် သင်ကြားသူများအနေဖြင့် စစခြင်း ကာလတွင် အခက်အခဲများ ရှိနိင်ကြောင်း၊ အကြောင်းမှာ ဘာသာရပ်ကို စိမ်းနေသေးသောကြောင့် ရုတ်တရက် နားလည်ရခက်ခြင်းများကြောင့် ဖြစ်ကြောင်း၊ Pythonသည် နားလည်ရ လွယ်ကူခြင်း၊ ရေးသားရသော Sentenceများတိုခြင်း၊ ပရိုဂရမ်းမင်း ဘာသာရပ်၏ စည်းမျဉ်းများတို့ကို လိုက်နာခြင်းကြောင့် ကမာ့်ဘအကောင်းဆုံး တက္ကသိုလ်များဖြစ်သည့် Harvard, MIT စသည်တို့တွင် အထူး အလေးပေး သင်ကြားရသော ဘာသာရပ်လည်း ဖြစ်ကြောင်း သိရပါသည်။

မြန်မာပြည်တွင် ခေတ်မစားခြင်းမှာ သင်ကြား ပေးနိင်သောသူ ရှားပါးခြင်းကြောင့် ဖြစ်ပြီး ကွန်ပျုတာ Conceptများကို မချိတ်ဆက်မိသူများအနေနင့် တိုးတက်ရန် အဆင့်များ တတ်လှမ်းရာတွင် အခက်အခဲများ ဖြစ်ပေါ်တတ်ပါသည်။ Pythonက သင့်ကို ထူးချွန်သော Developer တစ်ယောက် ဖြစ်ရန်များစွာ ထောက်ပံပေးနိင်ကြောင်း၊ ယခုသင်တန်းအား ကွန်ပျူတာပရိုဂရမ်းမင်း ဘာသာရပ်တွင် အခက်အခဲ တွေ့နေသူများ၊ နိင်ငံခြား တက္ကသိုလ်များတွင် ဆက်လက် သင်ယူမည့် အစီအစဉ်ရှိသူများ၊ ပရိုဂရမ်မာများ၊ အခြေခံပိုင်နိင်လိုသူများ၊ ကွန်ပျူတာ တက္ကသိုလ် ကျောင်းဆင်းများ တက်ရောက်သင့်ကြောင်း သိရပါသည်။ Pythonသည် Google အစရှိသော နာမည်ကျော် ကုမ္ပဏီများကို တည်ထောင်ခဲ့သူများ၏ အထူး အလေးပေး လေ့လာခဲ့ရသော ဘာသာဖြစ်သဖြင့် နာမည်ကျော် Developerများကို မွေးထုတ်ပေးခဲ့သော ဆရာဦးရာဗီမှ သင်ကြားပေးမည် ဖြစ်ပြီး ဦးရာဗီသည် လက်ရှိတွင် နိင်ငံတကာ ကုမ္ပဏီများ၏ အတိုင်ပင်ခံအဖြစ် လုပ်ကိုင်နေပြီး မြန်မာ့အိုင်တီလောကတွင် ဦးဆောင် ဦးရွက်ပြုနေသူတစ်ဦးလည်း ဖြစ်ကြောင်း သိရပါသည်။

သင်တန်းတွင် ပါဝင်မည့် အကြောင်းအရာများမှာ Setting up the Python Development Enviroment, From Hello world to Deployment, Python Fundamentals (Strings, List, Tupels, Dictionaries etc), Diving into Python by writting Tools (tooling in Python), A tour of packages in Python, Writing for GUI, Writing for the Webဖြစ်ပြီး သင်တန်းအချိန်မှာ ညနေ ၃း၃၀မှ ၇း၃၀နာရီ (စနေ၊ တနင်္ဂနွေ) ဖြစ်ပါသည်။ သင်တန်းကြေးမှာ ၆၀,၀၀၀ (ခြောက်သောင်းကျပ်)ဖြစ်ပြီး MCPA Member (50%) ၃၀,၀၀၀ (သုံးသောင်းကျပ်)လျှော့ပေးမည် ဖြစ်ပါသည်။ သင်တန်းသားဦးရေ (၁၅)ဦးသာ လက်ခံမည် ဖြစ်ပြီး သင်တန်းနေရာမှာ အဆောင် (၁)၊ MCPA Lab Room၊ လှိုင်မြို့နယ်တွင် ဖြစ်ပါသည်။ သင်တန်း တက်ရောက်လိုသူများ အနေဖြင့် သြဂုတ် (၂) ရက်နေ့ ညနေ (၄) နာရီနောက်ဆုံးထား၍ MCPA ရုံးခန်းသို့ လာရောက်လျှောက်ထားနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်းနံပါတ် ၀၁-၆၅၂-၂၇၆၊ ၀၉-၇၃၀-၈၈၃-၀၀သို့ စုံစမ်း မေးမြန်းနိုင်ကြောင်း သတင်းရရှိသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *