News

မြန်မာရုပ်သံနှင့် မြန်မာ့အသံတို့ကို Android ဖုန်းမှာ ကြည့်ရှုနားဆင်နိုင်တော့မည်

Android ဖုန်းအသုံးပြုသူများ အနေဖြင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV)၏ သတင်းနှင့် မြန်မာ့အသံအစီအစဉ်များကို MRTV Mobile Application မှတစ်ဆင့် ဇူလိုင်လ ၁၅ရက်နေ့တွင် စတင် အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။ မြန်မာ့ရုပ်မြင်သံကြား သတင်းအစီအစဉ်များ ဖမ်းယူ ကြည့်ရှုနိုင်ရန်အတွက် MRTV Logoပါ MRTV APK Software နှင့် မြန်မာ့အသံ အစီအစဉ်များအတွက် MRTV Radio Station Logo ပါMRTV Radio Station APK Software ကိုဇူလိုင် ၁၅ရက်မှ စတင်ကာ Google Play Storeတွင် အခမဲ့ Downlond ရယူနိုင်မည် ဖြစ်သည်။

“အခုလို လုပ်ပေးတာ ကောင်းပါတယ်။ ထုတ်လွှင့်တဲ့ အစီအစဉ်ကို လူစိတ်ဝင်စားသည်ဖြစ်စေ၊ မဝင်စားသည်ဖြစ်စေ နည်းပညာပိုင်းအရ ခြေတစ်လှမ်းရှေ့တိုးလာနိုင်တာကို ကြိုဆိုပါတယ်။ ဒီကနေ့ ရှေ့ဆက် အိမ်နီးနားချင်း နိုင်ငံတွေမှာ တွင်ကျယ်နေပြီဖြစ်တဲ့ Mobile TVလိုမျိုးအထိ အချိန်တိုအတွင်း ကူးပြောင်းသွားနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါတွေ သုံးနိုင်ဖို့ အဓိကက Connection ပါ။ အခုဆို မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္႑မှာ နိုင်ငံခြား ကုမ္ပဏီတွေ ဝင်လာပြီဖြစ်တဲ့အတွက် Connectionကျတဲ့ ကိစ္စတွေလည်း နောက်ပိုင်းမှာ ပြေလည်သွားမယ်လို့ ထင်ပါတယ်”ဟု ပြည်ပနိုင်ငံများတွင် ရေဒီယိုနှင့် ရုပ်သံ ထုတ်လွှင့်မှု နည်းပညာများကို သွားရောက် လေ့လာခ့ဲသော သတင်းထောက်တစ်ဦးက ပြောကြားခဲ့သည်။

လောလောဆယ်တွင် အဆိုပါ Applicationကို Android ပလက်ဖောင်းတွင်သာ အသုံးပြုနိုင်မည် ဖြစ်သော်လည်း မကြာမီ IOS ပလက်ဖောင်းတွင်ပါ အသုံးပြုသွားနိုင်ရန် စီစဉ်နေကြောင်း၊ ပြောင်းလဲလာသော ခေတ်နှင့်အညီ နည်းပညာများ ဖံွ့ဖြိုးတိုးတက်လာမှုကြောင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် ပုံမှန်ရုပ်သံ ထုတ်လွှင့်မှုများအပြင် အင်တာနက် ဝက်ဘ်ဆိုက်နှင့် လူမှုရေး ကွန်ရက်ဖေ့စ်ဘွခ်တွင်ပါ Web Portalနှင့် Accountများ ဖွင့်ကာ သတင်းအစီအစဉ်များ ထုတ်လွှင့်ပေးလျက် ရှိကြောင်း၊ ရှေ့ဆက်၍ Live Streaming ထုတ်လွှင့်မှုများကိုပါ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စံတော်ချိန် နေ့စဉ်တွင် ဖော်ပြထားချက်အရ သိရသည်။

စမတ်ဖုန်းများနှင့် ဂျာဗားဖုန်းများတွင် FMရေဒီယို အစီအစဉ်များကိုသာ ဖမ်းယူနားဆင်နေရသည်ဖြစ်ရာ ယခုကဲ့သို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) သတင်းနှင့် မြန်မာ့အသံအစီအစဉ်များကို MRTV Mobile Applicationမှတစ်ဆင့် အချိန်နှင့် တစ်ပြေးညီ နေရာမရွေး Android ဖုန်းရှိသူများ ဖမ်းယူ ကြည့်ရူနားဆင်နိုင်တော့မည် ဖြစ်ပါသဖြင့် ဝမ်းမြောက်ကြိုဆို ဂုဏ်ယူဖွယ် ဖြစ်ပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *