News

BBC နောက််ဆုံးရသတင်းများ မိုဘိုင်းလ်ဖုန်းမှတစ်ဆင့် နားဆင်နိုင်

BBC

BBC မြန်မာပိုင်း အစီအစဉ်နှင့် Blue Ocean Operating Management ကုမ္ပဏီတို့ ပူးပေါင်း တင်ဆက်သော ၁:၃၀မိနစ် သတင်းတို အစီအစဉ်ဖြင့် BBC၏ နောက်ဆုံးရ သတင်းများကို မိုဘိုင်းလ်ဖုန်းမှတစ်ဆင့် နားဆင်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ၁:၃၀မိနစ် သတင်းတိုများကို ဖုန်းနံပါတ် ၀၁-၂၃၉-၉၆၀၀သို့ ခေါ်ယူမှတ်ပုံတင်ပြီး တစ်နေ့ ၂ကြိမ် မနက် ၈နာရီနှင့် ညနေ ၆:၃၀နာရီတိုင်းတွင် မိမိထံ အလိုအလျောက် ဖုန်းခေါ်ဆိုပြီး သတင်းများကို ပြောပြပေးမည့် အစီအစဉ် ဖြစ်ပါသည်။ ယင်းအစီအစဉ်နှင့် ပတ်သက်၍ သိရှိလိုပါက ဖုန်းနံပါတ် ၀၁-၂၃၉-၉၆၀၀/ ၀၁-၂၃၉-၉၁၈၈ကို ဆက်သွယ်၍ အသေးစိတ် စုံစမ်းနိုင်ကြောင်း သိရှိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *